တောပုရွာက စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၇ ရက် မနက် ၁၁ နာရီကနေ နေ့လယ် ၁၂ နာရီ ခွဲအထိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MSPDF/MSDF တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကြောင့် ရွာထဲမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ဒရုန်း တစီးပျက်ဆီးသွားတယ်လို့ MSPDF တပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ မြတ်ကြီးက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်း ၃ စီး နဲ့ သွားရောက်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်နေစဉ်အတွင်း စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

Drone နဲ့ ပစ်ခတ်လိုက်လို့သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သဂြိုဟ်ပေးလိုက်တယ်လို့လည်း ဆိုပါတယ်။

အခုတိုက်ခိုက်မှုကိုတော့ စစ်ကိုင်းခရိုင်အမှတ် (၄) တပ်ရင်း-MSPDF/MSDF နှင့်အတူ၊ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၈) တပ်ရင်း-NRDF၊ မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း-တပ်ခွဲ (၂)၊ မုံရွာခရိုင်အမှတ် (၇) တပ်ရင်း၊ မုံရွာခရိုင်အမှတ် (၂၅) တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ် (၃) တပ်ရင်း၊ CHAUK PDF၊ MGN 35၊ Golden Eagle၊Justice Warrior Forces၊ Shinning Stars တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ကြပါတယ်။

MSPDF တပ်ဖွဲ့အနေနဲ့ တောပုရွာက စစ်ကောင်စီတပ်ဖွဲ့တွေကို သွားရောက်ပစ်ခတ်တာ ၇ ကြိမ်ထက်မနည်းရှိပြီ ဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *