ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်တစ်စီး ထပ်မံ ပျ၊က်ကျ

စလင်းမြို့နယ်တွင် ပျ၊က်ကျခဲ့တဲ့ MIG-29 မှာ ရက္ခိုင့်တပ်တော် AA က ပ၊စ်ခတ်ခဲ့ခြင်းဖြစ်

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဇယ်တွင်းရွာ အနောက်ဘက်ရှိ လယ်ကွင်းထဲတွင် အကြ၊မ်းဖက် စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တစီး ပျ၊က်ကျခဲ့ကြောင်း ဖရဲသီး သတင်းရင်းမြစ်အရ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ဒီကနေ့ မနက် ၉ နာရီခွဲကျော် အချိန်က ပွင့်ဖြူမြို့နယ် ဇယ်တွင်းရွာ အနောက်ဘက်ရှိ လယ်ကွင်းထဲတွင် အကြ၊မ်းဖက် စစ်ကောင်စီရဲ့ MI-17 ရဟတ်ယာဉ်တစီး ပျ၊က်ကျခဲ့ကာ စစ်​6ခွး ၃ ကောင် လေထီးနဲ့ခုန်ဆင်းခဲ့ကြောင်း ဖရဲသီး သတင်းရင်းမြစ်အရ သိရှိရပြီး၊ ရဟတ်ယာဉ် ပျ၊က်ကျပြီး ခဏအကြာတွင် စစ်ကောင်စီ လက်ပါးစေ ရဲနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာကြောင်း ကင်းထောက်သတင်းအရ အတည်ပြု သိရှိရပါတယ်။

ဒီကနေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ် အချိန်က စလင်းမြို့နယ်အတွင်း အကြ၊မ်းဖက် စစ်ကောင်စီရဲ့ MIG-29 တိုက်လေယာဉ်တစ်စီး ပျ၊က်ကျခဲ့ပြီး အဆိုပါ လေယာဉ်အမှတ်မှာ Tail No. 2721 ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ကို ​လေ​ကြောင်းတို၊က်ခိုက်ပြီး အပြန် မင်းပြား​မြို့နယ်ပေါ်ဖြတ်ပျံချိန်တွင် ရက္ခိုင့်တပ်တော် AA က ပ၊စ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖရဲသီး သတင်းရင်းမြစ်အရ သိရှိရပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ပျက်ကျ၊ လေယာဉ်မှူး လေထီးဖြင့် ခုန်ထွက်လွတ်မြောက်(ရုပ်/သံ)

■ လေတပ်ဖရဲသီး သတင်းရင်းမြစ်က တိုက်လေယာဉ်ပျက်ကျမှု အတည်ပြု

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးပျက်ကျသွားပြီး လယ်ကွင်းထဲတွင် မီးလောင်ကျွမ်းနေကြောင်း ဒေသပြည်သူများကပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ် အချိန် စလင်းမြို့နယ်၊ ကြိုဝန်းကျေးရွာ အနောက်တောင်ဘက် လယ်ကွင်းထဲသို့ စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ်တစ်စီး ပျက်ကျလာကြောင်း ၊ လေယာဉ်မှူးမှာမူ လေထီးဖြင့် ခုန်ထွက်လာနိုင်ကြောင်း ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

“လေယာဉ်က ဒီနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်မှာ ပျက်ကျတယ်။ စလင်းမြို့နယ်၊ ကြိုဝန်းကျေးရွာ အနောက် တောင်ဘက် မှာ ပျက်ကျတာ။ အခု ရဟတ်ယာဉ်တွေ အများကြီးပဲ လာနေတယ်။ ရဲတွေလည်း လာနေကြပြီ။ လေယာဉ်မှူးကတော့တ စ်ဦးတည်းပဲ။ လေယာဉ်ကတော့ မီးလောင်နေတယ်” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။

လေတပ်သတင်းရင်းမြစ်ထံသို့ ဆက်သွယ်မေးမြန်းရာ မကွေးလေတပ်မှ တိုက်လေယာဉ်တစ်စီး ပျက်သွားကြောင်း၊ လေယာဉ်ပျက်ကျမှု မှန်ကန်ကြောင်း အတည်ပြု ပြောဆိုသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *