သရက်ချောင်းမြို့နယ်ရှိ စစ်တပ် တပ်ရင်းများနှင့် စခန်းကုန်းကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

သရက်ချောင်းမြို့နယ်ရှိ စစ်တပ် တပ်ရင်းများနှင့် စခန်းကုန်းကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ခမရ ၄၀၃ နှင့် ခမရ ၄၀၄ တပ်ရင်းတို့ကို ဒရုန်း လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် သရက်‌ချောင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၀၃ ၊ ခမရ ၄၀၄ တပ်ရင်းများကို ပြည်သူ့ကာကွယ် ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း နှင့် အမှတ် ၂ တပ်ရင်းတို့ ပူးပေါင်း၍ ၆၀ မမ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်ခဲ့ရာ အကြမ်းဖက် စစ်ကာင်စီ တပ်သား ၆ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အဲတိုက်ခိုက်မှုကတော့ ၆ ကောင်သေပြီး ၇ ကောင် ဒဏ်ရာရတယ်။ အရာရှိရိပ်သာ ဗဟိုကင်းတဲ စားဖိုဆောင် တွေကိုထိပါတယ်။ ထိခိုက်ပျက်စီးမှုကတော့ တိတိကျကျ အတည်ပြုလို့မရပါဘူး” ဟု ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ထားခရိုင် အမှတ် ၂ တပ်ရင်း၏ ဒရုန်းတပ်ဖွဲ့ဖြစ်သော T5 Wings အဖွဲ့ကလည်း မဟာမိတ် တပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ကောင်စီ၏ ဝင်းဝစခန်းကုန်းကို ဗုံးသီးများဖြင့် အဆက်မပြတ် ဗုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် ဒဏ်ရာရရှိမှု များပြားကြောင်း သိရသည်။

ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အခြေစိုက်ရာ စခန်းများကို အဆက်မပြတ် တိုက်ခိုက်မှုများ တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် မည်သည့်နေရာမှ လုံခြုံမှုမရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင် အမှတ်(၂)တပ်ရင်း၏ လက်ရုံးတပ်တခုဖြစ်တဲ့ T5- Wings Drone တပ်စိတ်ကို
နွေဦးတော်လှန်ရေးဆရာတော်နှင့် လန်စွမ်းမြို့ PSKသစ်စက်မှ တရားပွဲအလှူရှင်များမှ ထိုင်းဘတ်ငွေ (၅၀၀၀၀)နှင့် ယခုဒုတိယအကြိမ် နွေဦးတော်လှန်ရေးဆရာတော်နှင့်ချူံဖော်ခရိုင် လမယ်မြို့၊ဝပ်ပီရဘုန်းကြီးကျောင်း တရားပွဲအလှူရှင်များမှ ထိုင်းဘတ်ငွေ (၃၀၀၀၀)ကျပ်ကို ကူညီထောက်ပံပေးခဲ့ပါသည်။

ကျနော်တို့ T5 Wings ရဲဘော်များအနေဖြင့် အခုလို့ ကူညီထောက်ပံ့ပေးမှုအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားမည်ဟု ကတိသစ္စာပြုအပ်ပါသည်ခင်ဗျား။

T5 Wings


Comments

Leave a Reply

Your email address will not be published. Required fields are marked *