ညောင်ပတ်ရဲကင်းစခန်း အား တော်လှန်ရေးအင်အားစု မှ ဝင်ရောက်မီးရှို့ခဲ့

နေပြည်တော်တိုင်း ၊ တပ်ကုန်းမြို့နယ်၊ ညောင်ပတ်ကျေးရွာရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ညောင်ပတ်ရဲကင်းစခန်း အား တော်လှန်ရေးအင်အားစု မှ ဝင်ရောက်မီးရှို့ခဲ့

နေပြည်တော်တိုင်း ၊ တပ်ကုန်းမြို့နယ်၊ ညောင်ပတ်ကျေးရွာရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ညောင်ပတ်ရဲကင်းစခန်း အား တော်လှန်ရေးအင်အားစု မှ ဝင်ရောက်မီးရှို့ခဲ့ပါတယ်။

ဖေဖော်ဝါရီလ (၂၉) ရက်၊ နံနက် (၉: ၂၅) အချိန်တွင် နေပြည်တော်တိုင်း ၊ တပ်ကုန်းမြို့နယ်၊ ညောင်ပတ်ကျေးရွာရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ညောင်ပတ်ရဲကင်းစခန်း အား OPRF – PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု မှ ဝင်ရောက်မီးရှို့ခဲ့တယ်လို့အတည်ပြုပါတယ်။

အဆိုပါ ရဲကင်းစခန်းသည် ၂၀၂၃ ခုနှစ်၊
နှစ်လယ်ပိုင်းခန့်တွင် စစ်ကောင်စီ တပ်သားများမှ လေးလ ကျော်ကြာ ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သည့် ရဲကင်းစခန်းတစ်ခုဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေထိုင်ခြင်း မရှိတော့ဘူးလို့သိရပါတယ်။

ဖေဖော်ဝါရီ၂၉ရက်နံနက် အစောပိုင်းတွင် ညောင်ပတ်ကျေးရွာ၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတွင် စစ်ကောင်စီ တပ်သားများမှ ကား (၆) စီး အင်အားအပြည့်နှင့် ရောက်ရှိနေပြီး ညဦးပိုင်းအထိ စစ်ကောင်စီတပ်မှ အင်အားထပ်မံဖြည့်တင်းဖို့ ကြိုးစားနေကြောင်း ကနဦး သိရှိရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top