ပုဏ္ဏားကျွန်းတွင် စစ်ကူလာသော စစ်ကောင်စီတပ်၏ သံချပ်ကာ ကား ၂ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ဟု AA ထုတ်ပြန်(ရုပ်/သံ)

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းတွင် စစ်ကူလာသော စစ်ကောင်စီတပ်၏ သံချပ်ကာ ကား ၂ စီးကို ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း AA က တရားဝင်သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အချိန် ပုဏ္ဏားကျွန်းမြို့သို စစ်တွေမြိံမှ စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းကို အမြင့်ကျွန်း တံတားထိပ်တွင် ရက္ခိုင့်တပ်တော်AA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုစစ်ကူ စစ်ကြောင်းကို ဟန့်တားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်၏ သံချပ် ကာကား ၂ စီးကိုလည်း အမြင့်ကျွန်းတံတား(မင်းချောင်းတံတား) ထိပ်တွင် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

AA က ထုတ်ပြန်သော ဗီဒီယိုတွင် စစ်ကောင်စီတပ်၏ သံချပ်ကာကား မီးလောင် နေသည်ကို မြင်တွေ့ရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက် နေ့လယ် (၂) နာရီ (၂၈) မိနစ်တွင် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့သို့ စစ်တွေမြို့မှ စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောင်းအား အမြင့်ကျွန်း တံတားထိပ်တွင် ရက္ခိုင့်တပ်တော်မှ ကြားဖြတ်တိုက်ခိုက် ဟန့်တားနိုင်ခဲ့ပြီး သံချပ်ကာကား (၂) စီးကိုလည်း အဆိုပါ အမြင့်ကျွန်းတံတား(မင်းချောင်းတံတား) ထိပ်တွင် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်။

AA Info Desk


Comments

Leave a Reply

Your email address will not be published. Required fields are marked *