တေးရေး မြင့်မိုးအောင်ကိစ္စ “မြန်မာပြည်က လူတွေ ဆင်ခြင်ခြင်းတွေ ပျောက်ကြပြီ”တဲ့

ကိုမြင့်မိုးက ဒါ့ထက်မကပြောလို့ရပါတယ်။ ကိုမြင့်မိုးနဲ့ထူးအိမ်သင်ဆိုတာ လင်မယားလိုပဲ။ ထူးအိမ်သင်ရှိရင် သူပြောတာ သက်သက်ညှာညှာပါဗျာလို့ ရယ်ပြောမှာ။

အဆဲလေးနဲ့ စပြီးတော့ပေါ့။ မယုံရင်ကြွက်နီမေးကြည့်။ သောက်ပိုတွေလုပ်မနေကြနဲ့။

ပုံ/ပုသိမ်သူ

ဟဲ့ နင်တို့မေမေစုလဲ အေဘီတွေနဲ့တွေ့တော့ လိမ်မာသွားပြီလားမေးတာနော်။

ဆဲကြဦး။ လူရွေးပြီးမဘလိန်းနဲ့။ ဟွန်း

ငါတို့ခေတ်ကလေ ဆိုးတဲ့ကောင်တွေပဲ တောခိုတာ။

လိမ်မာတဲ့ကောင်တွေကျောင်းဆက်တက် စစ်တပ်ဖား ရာထူးတွေယူ ချမ်းသာလာသူတွေက မေမေစုခေါ်ပြီး ရဲရဲတောက်ကြတာ၊

တောထဲကပြန်လာသူတွေကို ကျောင်းမပြီးခဲ့လို့အကန့်နဲ့ဆက်ဆံသေးတယ်။

အမယ်ခုကျ တောခိုတာ ဆိုးတယ်ဆိုလို့ ဒေါသတွေထွက်ပြ😁 မြို့ခိုသူတွေက 🙄😐

ဘာပြသနာဖြစ်ဖြစ် ရေဆုံးရေဖျား လိုက်တတ်တာ ကျမ။ အခု မူရင်းလင့်ရလာပြီ ။ ပထမ တင်သူကသာ စိတ်ယုတ်မာနဲ့ ဖြတ်ချပြီး တင်လိုက်တာ။ စကားဆက်တွေပါ ဆက်နားထောင်ရင် ကိုမြင့်မိုး စကားကို နားလည်လိမ့်မယ်။ လေလွင့်ခြင်းလမ်းမများ သီချင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာပါ။

မြန်မာပြည်က လူတွေသည် မဆင်ခြင်ပဲ သူများ ဆဲ လိုက်ဆဲ သူများ ဘလိန်း လိုက်ဘလိန်း ဆင်ခြင်ခြင်းတွေ ပျောက်ကြတယ်။

အရေးထဲ နာမည်ဝင်ယူ ဝင်ဆော်သူတွေကလဲ အများကြီး။

လူတွေ တယောက်ပေါ်တယောက် ယုံကြည်ရလောက်အောင် မရင်းနှီး မသိနိုင်ကြတော့တဲ့အခါ စကားတွေကနေ ဘလိန်းလိုက်မယ်ဆိုတဲ့ လွယ်လွယ်နဲ့ စော်ကားကြတော့တာပဲ။

အောက်မှာ ပြသနာ ဖြစ်တဲ့ စကားနေရာ အရှေ့အနောက် အနည်းငယ်ကို စာဖြည် ထားပါတယ်။

8:50 min လောက်ကနေ စနားထောင်ရင် အဆင်ပြေပါလိမ့်မယ်။

(ကျနော့်ရဲ့ ဒီလေလွင့်ခြင်းလမ်းမများ ဆိုတဲ့ သီချင်းက ခုန ပြောသလိုပေါ့ ရိုးရိုး အချစ်သီချင်း မဟုတ်ဘူး။

ပေါ့သီချင်းပျော်ရွှင်စရာ သီချင်းလေးလဲ မဟုတ်တဲ့အတွက်ကြောင့်မို့ တကယ့်စိတ်ခံစားချက်က အဲဒီလိုရှင်သန်နွေးထွေးတဲ့အသံနဲ့ ရှိတဲ့လူနဲ့မှ လိုက်ဖက်တဲ့ သီချင်းမျိုးပေါ့။

အဲဒါအပြင်ကို ပိုပြီးတော့ နီးစပ်သွားတာက ကျနော်ရေးတဲ့ အကြောင်းအရာက ကျနော်ထူးအိမ်သင်ကို ကြည့်ပြီးတော့ ရေးဖြစ်သွားတာပေါ့။

ပြောရမယ်ဆိုရင် သူက နည်းနည်း လူငယ်ထဲမှာ သူက ဆိုးတဲ့လူငယ်ပါ။

အရက်လေးတွေ ဘာလေးတွေ ဆေးဝါးလေးတွေ တခါတလေ မိဘတွေ မကြိုက်ပဲနဲ့ လုပ်တာပေါ့။ အဲတော့ မိဘတွေ အိမ်မှာလဲ မနေဘူး ဂစ်တာတီးတယ် သီချင်းဆိုတယ်ဆိုပြီး သူက အပြင်တွေမှာလဲ လျှောက်နေတယ်။

သူက ဘယ်လောက်တောင် ဖြစ်လဲ ဆိုတော့ သူက နောက်ပိုင်း တောတွေဘာတွေတောင် ခိုသွားသေးတယ် ။

အဲလိုပေါ့ မိဘတွေ ချစ်သူတွေကို စွန့်ခွာပြီးတော့တကယ်ကို ကြမ်းတမ်းရက်စက်တဲ့လမ်းတွေကို ရောက်သွားခဲ့တယ်။

သူ့အတွက် ကျနော် ရည်ရွယ်ပြီးရေးတဲ့ သီချင်းပေါ့။ သူ ကိုယ်တိုင်လဲ ဒီထဲမှာ ပြင်ထားတဲ့ စာကြောင်းလေးတွေ ပါပါတယ်။

အဲတော့ ကိုအောင်ကိုနဲ့ ဘယ်လိုစိတ်ထဲမှာ သွားပြီးတော့ ခံစား ရလဲ ဆိုတော့ ကိုအောင်ကိုကလဲ ကိုယ့်ရဲ့ဘဝပေးအခြေအနေအရ လမ်းမကြီးပေါ်မှာ သွားပြီးတော့ သုံးလေးနှစ်လောက် ရှိပြီထင်တယ်နော်။

အဲ့အခါကျတော့ ဒီသီချင်းရဲ့ အကြောင်းအရာလေးနဲ့ တကယ် ကိုအောင်ကိုရဲ့ ဘဝနဲ့ တထပ်ထဲ ဖြစ်တယ်ပေါ့နော်။ အဲလိုဖြစ်ပြီးတော့ …..)

Kyi Kyi Khin Min Zaw


Comments

Leave a Reply

Your email address will not be published. Required fields are marked *