ကဲ— ဘာဆက်လုပ်ကြမှာလဲ

ကဲ— ဘာဆက်လုပ်ကြမှာလဲ။

ပြဿနာအများကြီးနော်၊ လက်ရှိ တပ်ထဲက နောက်ထပ်ပြဿနာတစ်ခုက သူတို့ကိုယ်တိုင် စား၀တ်နေရေးခက်ခဲလာတာပဲ။

တပ်ထဲကနောက်တန်းမှာလည်း ရိက္ခာပြသနာတွေရှိလာသလို ရှေ့တန်းကိုလည်း ရိက္ခာမပို့နိုင်တော့ဘူး။

နောက်ဆုံးကြားရတဲ့ သတင်းအရ ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းပေါ်က စစ်သားတွေ ရိက္ခာမရလို့ အစာရေစာပြတ်လပ်ပြီး သေတာတွေ၊ စိတ်ဓါတ်ကျလို့ ကိုယ့်ကိုယ်ကို သတ်သေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ဘောမရပ်ကွက်မှာတော့ ဒီလိုသတင်းတွေ သေတဲ့အထိဖုံးဖိထားကြမယ်ဆိုပေမဲ့ ကာယကံရှင်ရဲ့ ကျန်ရစ်သူတွေ အသိဆုံးပဲ။

ရမ်းဗြဲကျွန်းဆိုတာ သင်္ဘောနဲ့ သွားမှရောက်နိုင်တဲ့ နေရာတစ်ခုလေ— လက်ရှိမှာ AAက ရခိုင်ပြည်နယ်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်တဲ့အတွက် စစ်ကောင်စီဘက်က ရှေ့တန်းမှာသူ့လူတွေရှိတဲ့ အထိုင်စခန်းကို ရိက္ခာနဲ့ လက်နက်ပို့ဖို့ရာ မလွယ်ကူတော့ဘူး မဟုတ်လား။

ကုန်းလမ်းကနေလည်း မသွားနိုင်တော့သလို ၊ ရေလမ်းကြောင်းကလည်း သွားဖို့ရာ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ရခိုင်ဘက်က ရှေ့တန်းစခန်းတွေမှာ ရိက္ခာ၊ဆေးဝါး၊လက်နက်ခဲယမ်း ဖြည့်တင်းပေးနိုင်ဖို့က ဘယ်လိုမှ မသေချာတော့ဘူး။

ဒီလို လိုအပ်တာတွေ မပို့ပေးနိုင်လို့ သူ့လူသူ ပြန်ခေါ်ကြမှာလား— နိုးပါ၊ အပေါ်မှာ ရေးခဲ့သလိုပဲ ရေလမ်း၊ ကုန်းလမ်း ဘယ်လမ်းကိုမှ အသုံးမပြုရဲအောင် AA က ထိန်းချုပ်ထားတာဆိုတော့ မကြာခင်ရက်ပိုင်းထဲမှာတင် စစ်ကောင်စီရဲ့ရခိုင်ဒေသမှာရှိတဲ့ ရှေ့တန်းစခန်းက စစ်သားတွေ တော်တော်များများဟာ တဘက်က သတ်လို့ သေတာထက် ရိက္ခာပြတ်၊ အစာရေဆာငတ်လို့ သေမှာက ပိုများလာပါလိမ့်မယ်။

အဲ့ဒီ့ လူသားတွေရဲ့ ဘ၀ကတော့ ရှေ့လည်းတိုးမရ ၊ နောက်လည်း ဆုတ်မရနဲ့လှုပ်လေ မြှုပ်လေဆိုတာမျိုးပဲ …

ကဲ— ဘာဆက်လုပ်ကြမှာလဲ။

ဒီအခြေအနေတွေကို သိနားလည်ပြီး တော်လှန်ပြည်သူတွေနဲ့ အမြန်ဆုံးပူးပေါင်းစေချင်တယ်။

ကြည့်— တစ်နေ့ထက်တနေ့ ကျမတို့ပူးပေါင်းလုပ်ဆောင်မှု တော်လှန်ရေးအုပ်စုတွေ အတူတကွ အားကြီးလာတယ်။

လေယာဉ်ပစ်အမြောက်တွေ မရှိလည်းစစ်ကိုင်းတိုင်း ရခိုင်ပြည်နယ် ကရင်နီပြည်နယ်က တော်လှန်ရေး မောင်နှမတွေ ပြည်သူတွေက ရန်ကုန်တိုင်းထဲက တော်လှန်ရေးရဲဘော်တွေနဲ့အတူ ပူးပေါင်းပြီး ကာကွယ်နေကြပြီ။

ကျမတို့ ပိုပြီး အတူတကွ ပူးပေါင်းပြီး ဒီစစ်အာဏာရှင်နဲ့ အပေါင်းပါတွေကို မြန်မြန် အဆုံးသတ်ကြမယ်ဆိုရင် လူတွေ အများကြီး ထပ်မသေတော့ဘူးပေါ့။

မရွှေမိုး-ကိုရီးယား


Comments

Leave a Reply

Your email address will not be published. Required fields are marked *