ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးရဲဘော်တွေ တောင်ပိုင်းစစ်ဒေသမှာ စစ်ရေးလေ့ကျင့်

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က တောင်ပိုင်းစစ်ဒေသ တောတွင်းတနေရာမှာ စစ်ရေးလေ့ကျင့်နေတဲ့ မှတ်တမ်းဓာတ်ပုံကို မနေ့က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်း ပကဖ အဖွဲ့ဟာ လုံခြုံရေးတင်းကြပ်ထားတဲ့ မြို့တွင်း စစ်ရေးပစ်မှတ်တွေကို ဒီရက်ပိုင်းအတွင်း ဆက်တိုက်နီးပါးတိုက်ခိုက်နေတဲ့ ပကဖ အဖွဲ့ ၁ ဖွဲ့ဖြစ်ပြီး၊ စနစ်တကျ ပြင်ဆင် စုဖွဲ့လေ့ကျင့်နေတာလည်းဖြစ်ပါတယ်။

ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တွေဟာ ပြည်သူနဲ့အနီးဆုံးနေရာတွေမှာ ရှိနေတယ်ဆိုတာနဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်တွေကို ထိုးနှက်တိုက် ခိုက်ဖို့ အမြဲ ပြင်ဆင် နေတယ်လို့လည်း အသိပေးထားးပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်၊ ညပိုင်းအချိန်မှာ ရန်ကုန်မြို့၊ အကြမ်းဖက်စစ်တပ်ပိုင် ဦးပိုင် ကုမ္ပဏီရဲ့ ထီးတန်းဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ Jet A 1 လေယာဥ်ဆီတင် သင်္ဘောကို ရန်ကုန် ပကဖ ရေငုပ်အထူးတပ်ဖွဲ့က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *