ကောလင်းမြို့ပေါ်၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ညက ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သတင်းရရှိသည်။
ကောလင်းမြို့ပေါ် မင်းတဲကြီးရပ်ကွက်၊မင်းဂျမ်းစိုင်ဒူး ၊ဆေး
မင်းခုံအပြင်ကောလင်းမြို့ မြောက်ဘက် အောင်ချမ်းသာ ရွာတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းများကို ယမန်နေ့( မတ်လ ၄ရက်) ည ၈နာရီခန့်မှ စတင်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ကောလင်းမြို့ထဲ တိုက်ပွဲကြမ်းတယ်။ စစ်ခွေးတွေ အသေများတယ်။ ကိုယ့်ဘက်ရဲဘော်တွေ ကြီးကြီးမားမားမထိခိုက်ဘူး” ဟု ဒေသကာကွယ်ရေးရဲဘော်တဦးကပြောသည်။
စစ်ကောင်စီစခန်းများကို ကောလင်းခရိုင်တပ်ရင်း(၂)နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“မိမိဘက်မှထိခိုက်ဒါဏ်ရာ ကြီးကြီးမားမားမရှိပါရန်သူဘက် ထိခိုက်မှုစုံစမ်းဆဲဖြစ်ပါတယ်” ဟု ကောလင်းခရိုင်တပ်
ရင်း(၂)က မတ်လ ၅ ရက်မနက်ပိုင်းတွင်သတင်းထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ရက်မှ၍ စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်တွင်
မြို့ပေါ်ရပ်ကွက်များ၌ ပြန်လည်တပ်စွဲခဲ့ပြီး မြို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက်တော်လှန်ရေးအဖွဲ့များက မြို့ကို ပြန်ဝိုင်း၍ စစ်ကောင်စီတပ်ကို တိုက်သလို ၊ စစ်ကောင်စီတပ်ကလည်း မြို့နီးဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုး၍ တော်လှန်ရေးအဖွဲ့များကိုတိုက်ခိုက်သလို ရွာများကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။ ထိုအခြေအနေမှ မတ်လ ၄ ရက်တွင် ကောလင်းမြို့ပေါ်ရှိစစ်ကောင်စီတပ်များကို PDF များက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြရ်သည်။
ကောလင်းမြို့နယ်အတွင်း လတ်တလောဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ပိတ်မိနေသည့် ခရီးသွားများအပါအဝင် စစ်ဘေးရှောင်ပြည်သူ လေးသောင်းကျော်အတွက် အကူ
အညီများလိုအပ်နေကြောင်း တော်လှန်ရေးအင်အားစုများကထုတ်ပြန်ထားသည်။
(ကောလင်းမြို့တိုက်ပွဲတွင်စစ်ကောင်စီတပ်ထံမှ PDF များသိမ်းဆည်းရရှိထားသောစစ်သုံးပစ္စည်းအချို့ ။
ဓါတ်ပုံ-Kalaw Info )
4:3:2024 ရက်နေ့ ည8:00နာရီခန့်မှ
10:45 နာရီ ခန့်လောက်ထိ ကောလင်း
မြို့ပေါ် မင်းတဲကြီးရပ်ကွက် မင်းဂျမ်း
စိုင်ဒူး နှင့်ဆေးမင်းခုံ တို့တွင်တိုက်ပွဲများ
ပြင်းထန်
ကောလင်းတပ်ရင်း2+KB1+ပူးပေါင်း
အင်အား+မြို့ပေါ်နှင့်အနောက်ခြမ်း ပကဖ
များ ပူပေါင်း၍ စကစများ ယာယီအခြေပြုနေရာ
များကို ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်
ပါတယ်။ တစ်ချိန်ထဲ တွင် ကောလင်းမြို့
မြောက်ဘက် အောင်ချမ်းသာ ရွာတွင်
အခြေပြုနေသော စခ များကိုလဲ
ကောလင်းတပ်ရင်း2 ရဲဘော်များ မှဝင်
ရောက် တိုက်ခိုက် ရာ 3 နာရီခန့်တိုက်ပွဲ
များ ပြင်းထန် ခဲ့ပါတယ်
မိမိ ဘက်မှ ထိခိုက်ဒါဏ်ရာ ကြီးကြီး
မားမား မရှိ ပါ ရန်သူဘက် ထိခိုက်မှု
စုံစမ်းဆဲ ဖြစ်ပါတယ်
ကောလင်းခရိုင် ကောလင်းမြို့အရှေ့ခြမ်း သစ်ဖုလဘုရားကုန်းမှ ခံသာရွာသို့ တိုးလာသော စစ်ကြောင်းနှင့် တော်လှန်ရေးအဖွဲ့အစည်းများ ထိတွေ့တိုက်ခိုက်စဥ် စကစ စစ်သားများမှ ပြည်သူနေအိမ် ၇ လုံးအား
မီးရှို့ဖျက်စီးထားခဲ့ပါသည်။
၃.၃.၂၀၂၄ ရက်နေ့တွင် JF လေယာဥ်ဖြင့် ဗုံးကျဲခဲ့ရာ လူနေအိမ် ၄လုံး ကျန်းမာရေး ဆေးခန်းတစ်လုံး
အ.ထ.က စာသင်ကျောင်းဆောင် နုစ်လုံး ထိခိုက်ပျက်စီးခဲ့ပါသည်။
၄.၃.၂၀၂၄ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် JF လေယာဥ်ဖြင့် ထပ်မံ ဗုံးချခဲ့ရာ ပြည်သူနေအိမ် အလုံး ၂၀ ခန့် ကျည်ထိမှန် ပျက်စီးခဲ့ပြီး သစ်ဖုလ ဘုရားကုန်းသို့ စကစ များ ပြန်လည်ဆုတ်ခွာသွားခဲ့ပါသည်။
စကစ အလောင်းများအား ကျေးရွာအုပ်ချုပ်ရေး၊
ကာကွယ်ရေးအဖွဲ့များမှ ရှင်းလင်းဖယ်ရှားလျက်ရှိပါသည်။
Leave a Reply