ရဲအရာရှိ ၁ ဦးနှင့် ရဲတပ်သား ၄ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိ

ဟားခါးမြို့ရှိ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးတိုးတက်ရေးဦးစီးဌာနရုံး လုံခြုံရေးယူထားသော ရဲအရာရှိ ၁ ဦးနှင့် ရဲတပ်သား ၄ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိ

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးတိုးတက်ရေးဦးစီး ဌာနရုံး လုံခြုံရေးယူထားသော ရဲအရာရှိ ၁ ဦးနှင့် ရဲတပ်သား ၄ ဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရရှိကြောင်း CDF-ဟားခါးက သတင်းထုတ်ပြန်သည်။

မတ်လ ၆ ရက်နေ့ ညပိုင်း ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နယ်စပ်ရေးရာဝန်ကြီး ဌာန၊ နယ်စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးတိုးတက်ရေးဦးစီး ဌာနရုံးကို လုံခြုံ ရေးယူထားသော ရဲအုပ် ၁ ဦး အပါအဝင် ရဲတပ်သား ၅ ဦးကို ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ သေနတ် ၆ လက်နှင့် ခဲယမ်းများပါရရှိကြောင်း သိရှိရသည်။

ဖမ်းဆီးရရှိထားသော ရဲများကို ဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း CDF ဟားခါးထံမှ သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *