ပုဏ္ဏားကျွန်း မြို့ကြီးက “လှ” နေ…ပြီ

ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်ရရှိသော ဓာတ်ပုံမှတ်တမ်းများကို ရခိုင့်တပ်တော် -AA ထုတ်ပြန်

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၀ အပါအဝင် တပ်စခန်းများ အားလုံးကို သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ဌာနဆိုင်ရာ ရုံးများရှေ့တွင် တွေ့ရသော ရက္ခိုင့်တပ်တော် စစ်သည်တော်များ၏ မှတ်တမ်း ဓာတ်ပုံများကို ရခိုင့် တပ်တော် – AA က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကစတင်၍ ပုဏ္ဏားကျွန်းမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၅၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မတ်လ ၄ ရက်နေ့က အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီးနောက် ပုဏ္ဏာကျွန်းမြို့နယ်တစ်ခုလုံးကို ရခိုင့်တပ်တော်က အလုံးစုံထိန်းချုပ်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို ၊ DSA အပတ်စဉ် -၄၂ ၊ ခလရ -၂၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ – ၅၅၀ မှ ဗိုလ်မှူး စောထွေး တို့အပါအဝင် စစ်ကောင်စီတပ်သား အမြောက်အများသေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ (၅၅၀) အပါအဝင် တပ်စခန်းများအားလုံးကို သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ဌာနဆိုင်ရာရုံးများရှေ့တွင် တွေ့ရသော ရက္ခိုင့်တပ်တော် စစ်သည်တော်များ

AAInfoDesk

March 8, 2024


Comments

Leave a Reply

Your email address will not be published. Required fields are marked *