သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်ရရှိ

သင်္ဃန်းညီနောင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်း လက်ရှိအခြေနေ

ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်ကျေးရွာက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ၃၅၅(ခြေမြန်တပ်ရင်း)၊ခမရ၃၅၆ (ခြေမြန်တပ်ရင်း)နဲ့ ခမရ၃၅၇(ခြေမြန်တပ်ရင်း) ကို KNU/KNLAနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက မတ်လ ၇ရက်နေ့မှ စတင်ပြီး စခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်နေကြပါတယ်။

မတ်လ ၈ရက်နေ့က ခမရ၃၅၅(ခြေမြန်တပ်ရင်း)ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ အပြင်းအထန် ခုခံနေကြတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ခြောက်ဦးထက်မနည်း သေဆုံးပြီး ၁၆ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတဲ့ မတ်လ ၇ရက်နေ့က စတင်ကာ ဒီကနေ့ မတ်လ ၉ ရက်နေ့အထိ လေကြောင်းပစ်ခတ်မှု အကြိမ်ရေ ၄၀ကျော် ပြုလုပ်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီက Y12ထောက်ပို့ လေယာဉ်ဖြင့် နေ့စဉ် အချိန်အတော်ကြာ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

မြ၀တီ၊ သင်္ဃန်းညီနောင် ခမရ ၃၅၅ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်ရရှိ၊ လက်နက်ကြီး၊ လက်နက်ငယ် ၁၀၀ကျော် သိမ်းဆည်းရရှိထားပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီ၏ ခမရ ၃၅၅ တပ်ရင်းကို တော် လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီးနောက် သင်္ဃန်းညီနောင် ရဲစခန်းကိုပါ သိမ်းပိုက်ရရှိကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များက အတည်ပြု​ ပြောဆိုသည်။

“လက်ရှိကသိရသလောက် ခမရ ၃၅၅ ရပြီ၊သင်္ဃန်းညီနောင်ရဲစခန်းရပြီ၊ လက်နက်ကြီး၊ လက်နက်ငယ် တစ်ရာကျော်သိမ်းဆည်းရမိထားတယ်၊ စစ်ကောင်စီ စစ်သားအားလုံးနီးပါး စခန်းစွန့်ခွာပြေးတာများတယ်၊ သေကြတာလည်း အတုန်းအရုန်းပဲ။ ဒေသခံ ပြည်သူတချို့ အထိအခိုက်ရှိတယ်”ဟု တော်လှန် ရေး သတင်းရင်းမြစ်က ဆိုသည်။

စစ်တပ်သတင်းရင်းမြစ်တစ်ခု၏ အဆိုအရ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှုများအတွင်း စစ်တပ်ဘက်မှ တပ်တချို့ ထိမှန် သေဆုံးမှုများရှိကြောင်း ပြောဆိုသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိတွင် တော်လှန်ရေးတပ်များက စစ်ကောင်စီတပ်စခန်းများကို ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲနှင့်အောင်ပွဲ အသေးစိတ် အခြေအနေများကိုမူ သက်ဆိုင်ရာ မကြာမီ ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သင်္ဃန်းညီနောင် ရဲစခန်း ပုံများနှင့် ခမရ ၃၅၅ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နေအိမ်လိုင်းခန်း။


Comments

Leave a Reply

Your email address will not be published. Required fields are marked *