သရုပ်ဆောင် ထူးခန့်ကျော်ကို အားကိုးနေကြသူတွေ ပရိတ်သတ်တွေ အားလုံးအတွက် ဝမ်းသာစရာ သတင်းကောင်း😍

ထူးခန့်ကျော်အား ဆေးကုသခွင့်တားမြစ်ကြောင်း ထုတ်ပြန်စာမှာ ဆေးကောင်စီကထုတ်ပြန်သောစာမဟုတ်ဟု ကျန်းမာရေးဝန်ကြီးဌာန ရှင်းလင်း

ထူးခန့်ကျော်အား ဆေးကုသခွင့်တားမြစ်ကြောင်း ထုတ်ပြန်စာမှာ မြန်မာ နိုင်ငံဆေးကောင်စီကထုတ်ပြန်သောစာမဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ရှင်းလင်းထားသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ တဆင့် ယနေ့ (မတ်လ ၉ရက်)တွင် မီဒီယာများကို အသိပေးရှင်းလင်းထားခြင်းဖြစ်သည်။

သရုပ်ဆောင် ထူးခန့်ကျော် ဆေးကုသပေးနေခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆေးကောင်စီက သတိပေးတားမြစ်ခြင်းဆိုသော စာသည် ယနေ့ (မတ်လ ၉ရက်)၊ နံနက်ပိုင်းတွင် လူမှုကွန်ရက်စာမျက်နှာများ၌ ပျံနှံ့လာခဲ့သည်ကိုတွေ့ရသည်။

မြန်မာနိုင်ငံဆေးကောင်စီကထုတ်ပေးသော ဆရာဝန်မှတ်ပုံတင်လက်မှတ် (သို့မဟုတ်) ဆေးကုသခွင့် လိုင်စင် တစ်မျိုးမျိုး ကိုင်ဆောင်ထားခြင်းမရှိဘဲ ထူးခန့်ကျော်သည် အများပြည်သူတို့အား ဆေးကုသခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါ သတိ‌ပေးတားမြစ်စာတွင် ရေးသားဖော်ပြထားသည်။

ထူးခန့်ကျော်အနေဖြင့် ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ မြန်မာနိုင်ငံဆေးကောင်စီ အမှတ်(၁၂၃) သို့ လာမည့် မတ်လ (၁၅) ရက်ထက် နောက်မကျစေဘဲ လူကိုယ်တိုင်လာရောက်တွေ့ဆုံရန် ရေးသားဖော်ပြထားသည့်အပြင် ဆေးကုသခြင်းအား ဆက်လက်ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံဆေးကောင်စီဥပဒေပုဒ်မ ၅၄ နှင့် ၅၈ တို့အပြင် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးတားမြစ်သည်ဟုဆိုကာ ရေးသားထားသည်ကိုတွေ့ရသည်။

ခွင့်ပြုချက်မရှိဘဲ ဆေးကုသခြင်းအား သတိပေးတားမြစ်ခြင်းဟူသော ခေါင်းစဉ်ပါ အထက်ပါစာသည် မြန်မာနိုင်ငံဆေးကောင်စီက ထုတ်ပြန်ထားခြင်း မဟုတ်ကြောင်း သိရှိရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဖြေရှင်းထားသည်။

လက်ရှိတွင် သရုပ်ဆောင် ထူးခန့်ကျော်အနေဖြင့် နေ့စဉ် လူဦးရေ (၁၀၀၀) နီးပါးခန့်ကို ဆေးကုသပေးလျက်ရှိပြီး ၎င်းနှင့်ဆေးကုသမှုခံယူရန်အတွက် ညအိပ်စောင့်ဆိုင်းသည့်လူနာအများအပြားလည်းရှိနေသည်။ ထို့ပြင် ထူးခန့်ကျော်အနေဖြင့် လေဖြတ်နေသည့် လူနာများ၊ နားမကြားသည့်လူနာများ၊ ကင်ဆာရောဂါဝေဒနာသည်များအပါအဝင် အခြားသော ရောဂါသည်များကိုလည်း ကုသပေးလျက်ရှိသည်ကို တွေ့ရသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက နိုင်ငံကျော် အဆိုတော် စိုင်းဆိုင်မော့ဝ်သည်လည်း ထူးခန့်ကျော်ထံ သွားရောက်ဆေးကုသမှုခံယူခဲ့သည်ကို တွေ့ရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *