ချောင်းဦးမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ချောင်းဦးမြို့ပေါ်ရှိ ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ထွေအုပ် ဦးစီးမှူး ၁ ဦးနှင့် စစ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အထွေထွေ အုပ်ချုပ်ရေးဌာန ဦးစီးမှူး ၁ ဦးနှင့် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း GTR MMU တပ်ဖွဲ့မှတာဝန် ရှိသူတစ်ဦးကပြောကြားသည်။

ယမန်နေ့ မတ်လ ၁၀ ရက် နံနက် ၄ နာရီခန့်က ချောင်းဦးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ၁ ဦးနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးကာ Jammer ကားတစ်စီးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

“သေသွားတဲ့ ထွေအုပ်ဦးစီးမှူးနာမည်တော့မသိရသေးဘူး၊ နောက်ဆက်တွဲကို စုံစမ်းနေတုန်းပါ၊ ဂျန်ပါကားကလည်း မီးလောင်တဲ့အဆင့်အထိတော့ မရောက်ဘူး။ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တဲ့အပြင် အင်အား ၄၀ လောက်နဲ့ စစ်ကြောင်းထိုးလာလို့ ၄၀ မမ ဗုံးသီး နဲ့ ပြန်ပစ်ပြီး ဆုတ်ခွာလာခဲ့ပါတယ်” ဟု GTR MMU တပ်ဖွဲ့မှတာဝန် ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် အမှတ် ၂ တပ်ရင်း၊တပ်ခွဲ ၂ ၊ Ghost Team Ranger Myinmu ၊ မုံရွာခရိုင် အမှတ် ၈ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၆ တပ်ရင်း နှင့် Myinmu Defence Force တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင် စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *