ဈေးထွက်ဝယ်သည့် စစ်ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့က အရှင်ဖမ်းဆီး

စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာတွင် ဈေးထွက်ဝယ်သည့် စစ်ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့က အရှင်ဖမ်းဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာတွင် ဈေးထွက်ဝယ်သည့် စစ်ဗိုလ် ၁ ဦးအပါအဝင် ၃ ဦးကို တော်လှန်ရေး တပ်ဖွဲ့က အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း Taw Twin Tup Pee Local အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ အနီး အမှတ် ၆၀၀၅ တင့်ကားတပ်မှ စစ်ဗိုလ် ကျော်ဇင်ထွန်း၊ တပ်ကြပ်ကြီး ဇင်မျိုးသိန်းနှင့် ဒုတပ်ကြပ် ဇော်ဖြိုးချစ် တို့ ဈေးဝယ်ထွက်လာစဉ် Taw Twin Tup Pee Local အဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲ စစ်ခွေး ၃ ကောင်ကို ကျွန်တော်တို့ စစ်ကိုင်း ခရိုင် တပ်ရင်းကို သွားအပ်လိုက်တယ်။ စစ်ခွေး ၃ ကောင်ကို ဘယ်လို ဆက်လက် အရေးယူထားလဲ ဆိုတာကိုတော့ မသိရဘူး။ သူတို့ အိတ်တွေထဲမှာတော့ သေနတ်တော့မပါလာဘူး။ အဲ ၃ ကောင်က စစ်ကိုင်းမြို့ကို ဈေးသွားဝယ်တာ သူတို့ကို ဖမ်းမိတော့ တပ်အထောက်အထား စာရွက် စာတမ်းတွေပါတယ်” ဟု Taw Twin Tup Pee Local အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးကို စစ်ကိုင်းခရိုင် PDF တပ်ရင်းက ဆက်လက် အရေးယူထားကြောင်း သိရသည်။

Leave a Comment