ဖားကန့်-ဝှေခါ၊ ဖားကန့်-တာမခန်လမ်းတို့ကို KIA က အပြည့်အ၀ ထိန်းချုပ်

နန့်မှော်၊ တန်သုံးထောင်စစ်စခန်းကို စစ်ကောင်စီတပ်များ စွန့်ခွာသွား၊ ရက်ပိုင်းအတွင်း ဖားကန့်တွင် စခန်း ၄ ခုသိမ်းဆည်းရရှိပြီး စစ်သား ၁၀၀ နီးပါး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်မှော် ၊ တန်သုံးထောင် စစ်ကောင်စီတပ်စခန်းကို စစ်သားများ စွန့်ခွာသွားသဖြင့် KIA တပ်များက နယ်မြေရှင်းလင်းပြီး သိမ်းပိုက်လိုက်ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်းတွင် နန့်မှော် တန်သုံးထောင် စစ်စခန်းကို စစ်သားများက စွန့်ခွာသွားခြင်းဖြစ်ကြောင်း၊ လှမောင်ကုန်းနှင့် ဆိုင်းတောင်စခန်းကုန်းဘက်သို့ စစ်သားများ ဆုတ်ခွာသွားကြကြောင်း၊ စခန်းကို ရှင်းလင်းစဉ် လက်နက်ကြီးကျည်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

“တန်သုံးထောင်စခန်းလို့ခေါ်တာက အဲဒီမှော်နားမှာ တန်သုံးထောင် ကျောက် စိမ်း တုံးကြီး ရဖူးလို့ တန်သုံးထောင် စခန်းလို့ ခေါ်တာ။ အဲဒါ ဒီမနက် အဲဒီစခန်းကနေ စစ်ခွေးတွေ ဆုတ်သွားပြီ။ လှမောင်ကုန်းကိုလည်းသွားတယ်။ ဆိုင်းတောင် စစ်တပ်ကုန်းကိုလည်း ဆုတ်ခွာသွားတယ်။ နယ်မြေရှင်းတော့ လက် နက်ကြီးကျည်ခဲယမ်းတချို့ရတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် KIA က တာမန်ရဲစခန်း၊ တာမခန် ခမရ ၁၁၉ စခန်းကုန်း၊ ကသိုင်းတောင်စစ်စခန်း၊ တန်သုံးထောင် စစ်စခန်းတို့ကို ရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲများအတွင် စစ်တပ်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါး သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်စခန်း ၄ ခုကို သိမ်းပိုက်ပြီးနောက် ဖားကန့်-ဝှေခါ၊ ဖားကန့်-တာမခန်လမ်းတို့ကို KIA က အပြည့် အ၀ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရှင်းပြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *