ခမရ-၃၅၆ တပ်ရင်းမှူး မယား၊ ရွှေ ၂ ပိဿာနဲ့ 🤭🤫 မူစကူဒူး အရှုပ်တော်ပုံ

သင်္ဃန်းညီနောင်ရှိ ခမရ-၃၅၆ မှ တပ်ရင်းမှူးနှင့်ဇနီး လွတ်မြောက်နယ်မြေသို့ ထွက်ပြေးဟုပြော

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ သင်္ဃန်းညီနောင်တွင်ရှိသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၃၅၆ မှ တပ်ရင်းမှူးနှင့် ဇနီးအပါအ၀င် တပ်မိသားစု၀င်အချို့သည် တော်လှန်ရေးတပ်များ ၀င်ရောက်တိုက်ခိုက်ချိန်တွင် တပ်ရိပ်သာမှ ထွက်ပြေးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၈ရက်နေ့က ကော့ကရိတ်၊ မြဝတီ လမ်းဟောင်းနှင့် လမ်းသစ် ဆုံရာတွင်တည်ရှိသည့် စစ်ကောင်စီ၏ ခမရ-၃၅၅ တပ်ရင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မတ်လ ၉ ရက်နေ့တွင် အာရှလမ်းမကြီးပေါ်ရှိ သင်္ဃန်းညီနောင် မြို့မရဲစခန်း တို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

ခမရ ၃၅၅ ကို တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ချိန်တွင် ခမရ ၃၅၆ မှ တပ်ရင်းမှူးနှင့် တပ်ဖွဲ့၀င်များက ခမရ-၃၅၇ သို့ သွားရောက်ပူးပေါင်းခဲ့သော်လည်း တပ်ရင်းမှူးနှင့် ဇနီးအပါအ၀င် တပ်မိသားစု၀င်အချို့သည် ခမရ-၃၅၇ သို့ မသွားဘဲ KNU တပ်မဟာ (၆) နယ်မြေတွင် သွားရောက်ခိုလှုံခဲ့ကြကြောင်း သိရသည်။

“စစ်တပ်လော်ဘီတွေကတော့ တပ်ရင်းမှူးနဲ့ ဇနီးအဖွဲ့လိုက်ကို ဖမ်းသွားတယ် လို့လည်း ပြောတယ်။ KNLA တွေက သတ်လိုက်ပြီလို့လည်း ဖွထားတယ်။ သိရသလောက် ကတော့ လွတ်မြောက်နယ်မြေကို အန္တရာယ်ကင်းကင်းနဲ့ ရောက်သွားပြီလို့ သိထားပါတယ်” ဟု ခမရ ၃၅၆ နှင့်နီးစပ်သည့် သတင်းရင်းမြစ်ကကို ပြောသည်။

လက်ရှိတွင် အဆိုပါ သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်စခန်း နေရာများကို စစ်ကောင်စီက လေကြောင်းမှနေ၍ တိုက်ခိုက် ပစ်ကူပေးလျက်ရှိကြောင်း သိရသည်။

မတ် ၇ ရက်နေ့မှ စတင်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများနှင့် လေယာဉ်အမျိုး အစား မျိုးစုံသုံးကာ ကြဲချတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ခမရ ၃၅၆ မှ ထွက်ပြေးသွားသည့် တပ်ရင်းမှူးနှင့်ဇနီးအဖွဲ့၏ အခြေအနေအသေးစိတ်ကို သိရှိနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ ဆက်သွယ် မေးမြန်း နေသော်လည်း ဆက်သွယ်၍မရရှိသေးပေ။

‼️ခမရ-၃၅၆ တပ်ရင်းမှူး မယားနဲ့ ရွှေ ၂ ပိဿာ အရှုပ်တော်ပုံ‼️

ဖားပြုတ် က လက်ရှိမှာတော့ ငမွဲ..။

ဒါမယ့် ဒီကောင်က တချိန်တုန်းက သင်္ကန်းညီနောင်ဂွင်မှာ ရှာစားခဲ့ဘူးတယ်။ ညီနောင်တပ်တွေရဲ့ လက်တံက မြဝတီ နယ်စပ်ဘက်အထိ လည်ရင် လည်သလို တက်တံဆန့်လို့ ရတယ်။

အခု ခမရ-၃၅၆ ရင်းမှူးရဲ့ မယားမှာ ရွှေပိဿာချိန် ၂ ပိဿာ ပါသွားတယ်လို့ ဒီကောင် ဖားပြုတ်ပဲ ဖော်ကောင် လုပ်ထားတယ်။ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရဘူး။

ညီနောင်က တပ်တွေက BGF ဟောင်း ဗိုလ်စောချစ်သူနဲ့ လုံးလားထွေးလား နေခဲ့ကြတယ်။ ဆိုတော့ ကျားဖြန့်နဲ့ နာမည်ထွက်နေတဲ့ ရွှေကုက္ကိုဂွင်ကနေ ၃၅၆ ရင်းမှူး ပိုက်မိထားတာတွေ ရှိနေနိုင်တယ်။

အဲ့နယ်မှာ ဘယ်သူက ဘယ်ဂွင်ကို ဘယ်လို ကိုင်ထားပြီး ဘယ်လောက် ပိုက်မိထားတယ် ဆိုတာ (အထူးသဖြင့်) လက်နက်ကိုင်တွေကြားထဲမှာ ဒီသတင်းက တိုးတိုးတိတ်တိတ် ပြန့်နေနိုင်တယ်။

ဖားပြုတ်က သူ့စားကျက်ဟောင်းမို့ ဒီကောင် ပိုသိလိမ့်မယ်။ အာရကေ မရလို့ ဖော်တာလား ဆိုတာကလဲ သူပဲ သိလိမ့်မယ်။

တကယ်ပြောရရင် ရင်းမှူးမိန်းမ အသတ်ခံရတာ ဖားပြုတ် စနက်တောင် ကင်းရဲ့လား မသိ.. 🙄

၃၅၅ ဖြစ်စဉ်ပီး နောက်ရက်တိုက်ပွဲဖြစ်ချိန် ရင်းမှုးကတော်နဲ့ ရဲမေနှစ်ယောက် ကလေးနှစ်ယောက် ရွှေနှစ်ပိသာ ကျပ်ငွေဘက်ငွေ သိန်းသုံးထောင် တပ်သားတစ်ယောက်ကို ကျဆုံး ဗက အောင်မျိုးလွင်ဇနီးနဲ့ပေါင်းပြီး(၃၅၇)ဘက်ကားနဲ့ပြေးကြတယ်ပေါ့။

အဲ့ချိနိမှာ BGF တပ်နယ် ၄.မှူးရဲ့အမိန့်နဲ့ဆိုပီးခေါ်သွားကြတာပေါ့

ပိုက်ဆံနဲ့ရွှေတွေမြင်ပီး စောတင်ဝင်းတို့ စောချစ်သူတို့ကိုမြဦးတို့က ခေါ်သွားရော အဲ့နောက်ပိုင်း ဘာဖြစ်လည်းတော့မသိဘူး။

Leave a Comment