လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ပြည်သူ ၂၁ ဦးသေဆုံး (ရုပ်သံ)

စစ်တွေမြို့မဈေးအတွင်းသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ပြည်သူ ၂၁ ဦးသေဆုံးနေသည့် ဗီဒီယို လက်ခံရရှိ

ရခိုင်ပြည် မြို့တော် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်မှာရှိသည့် စစ်တွေရေတပ်ဌာနချုပ်စခန်း လက်အောက်ရှိ စစ်ကောင်စီရေတပ်က ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက်က စစ်တွေမြို့မဈေးကြီးကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူ ၂၁ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၈ နာရီကျော် ဈေးအတွင်း လူစည်ကားနေချိန် စစ်ကောင်စီနေဗီက လက် နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ တမင်တကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဈေးသည်များနှင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

စစ်ကောင်စီ၏ ထိုပစ်ခတ်မှုတွင် အပြစ်မဲ့ပြည်သူ ၁၂ ဦး သေဆုံးခဲ့ကြောင်း၊ အပြင်းစား ဒဏ်ရာရရှိသူ ၃၀ ဦး၊ အလတ်စား ဒဏ်ရာရရှိသူ ၅၀ ဦး စုစုပေါင်း ၈၀ ဦး ဒဏ်ရာရရှိခဲ့ကြသည်ဟု ရက္ခိုင့်တပ်တော် AA က သတင်း ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်းရေးရုံး UNOCHA ၏ မတ်လ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တွေမြို့မဈေးဖြစ်စဉ်အတွင်း အရပ်သားပြည်သူ ၂၁ ဦးသေဆုံးခဲ့ရပြီး ၃၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

UNOCHA က ထုတ်ပြန်ခဲ့သည့် သေဆုံးသူ ၂၁ ဦးထဲတွင်

(၁) ဦးမောင်သိန်းရွှေ (၄၆ နှစ်)၊ ရွာကြီးတောင်ရပ်ကွက်

(၂) ဦးဇော်နိုင် အသက် (၄၈)နှစ်၊ မင်းဂံရပ်ကွက်

(၃) ကိုသန်းထွန်းအောင် (၂၁ နှစ်)၊ ရွာကြီးမြောက်ရပ်ကွက်

(၄) ကိုမောင်မင်းကိုထွန်း (၁၈ နှစ်)၊ ဇောဘူဂျာကျေးရွာ

(၅) ကိုမာမတ်ဟူဆောင်း (၂၀ နှစ်)၊ ဘာဆရာကျေးရွာ

(၆) ဦးဘသိန်းမောင် (၅၈ နှစ်)၊‌ ကျောင်းတက်လမ်းရပ်ကွက်

(၇) ဦးအောင်ကျော်သိန်း (၆၄ နှစ်)၊ ကျောင်းတက်လမ်းရပ်ကွက်

(၈) ဦး‌ကျော်လင်း (၄၂ နှစ်)၊ မြောက်စံပြရပ်ကွက်

(၉) ဒေါ်စိန်အေး (၄၆ နှစ်)၊ ကသဲရွာရပ်ကွက်

(၁၀) ဒေါ်မသန်းဌေး (၄၅ နှစ်)၊ ကသဲရွာရပ်ကွက်

(၁၁) ဒေါ်အေးမြသန္တာကျော် (၂၇ နှစ်)၊ ရွာကြီးမြောက်ရပ်ကွက်

(၁၂) ဒေါ်ရွှေယဉ်မ (၄၈ နှစ်)၊ မြောက်စံပြရပ်ကွက်

(၁၃) ဒေါ်မာဂျီတာဘေကေ (၃၅ နှစ်)၊ ကုန်တန်းရပ်ကွက်

(၁၄) မနန္ဒာဝင်း (၂၃ နှစ်)၊ မင်းဂံရပ်ကွက် တို့ပါဝင်ကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *