ကနီမြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဝင် (၄၇) ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့အား ယင်းမာပင်ခရိုင် တပ်ပေါင်းစုမှ မတ်လ (၂) ရက်မှ မတ်လ (၁၂) ရက်ထိ တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီဝင် (၄၇) ဦး သေဆုံးခဲ့ပြီး အလောင်း (၁၁) လောင်း ရရှိခဲ့သည်။

ကနီမြို့ရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဘုရားကုန်း၊ ဆေးရုံ၊ စာသင်ကျောင်းတို့တွင် အခြေချနေသော ခလရ (၈၇၊ ၈၉၊ ၂၂၂)၊ ခမရ-၃၁၃ ပူးပေါင်းအင်အား (၁၀၀) ကျော်၊ အင်မထီးရွာမှ လေကြောင်းဖြင့် အင်အားပို့ချလာသော ထပ်တိုးအင်အား (၁၂၀) ခန့်နှင့် ရေဦးမြို့မှ စစ်ကူလာသော ဘီလူးစစ်ကြောင်း အင်အား (၈၀) ခန့်တို့အား ယင်းမာပင်ခရိုင် ကွပ်ကဲရေး၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၊ ၂၊ ၆၊ ၉၊ ၁၇၊ ၁၈၊ ၂၁၊ ၂၂၊ ၂၃၊ ၂၅၊ ၂၇၊ ၃၀၊ ၃၂)၊ LPDF၊ ဆားလင်းကြီးစစ်ကြောင်း၊ Alpha စစ်ကြောင်း၊ ဒရုန်းတပ်ဖွဲ့များနှင့် ကနီမြို့နယ် ပအဖ၊ ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

၎င်းတိုက်ပွဲသို့ လေကြောင်းမှ Mi-35 နှင့် Jet Fighter တို့ဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း (၅၄) ကြိမ် တိုက်ခိုက်ခဲ့ပြီး Y-12 ဖြင့် ဗုံးသီးအလုံး (၁၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့သည်။

ရန်သူ့ထံမှ လက်နက်မျိုးစုံ (၁၁) လက်၊ ဗုံးသီးမျိုးစုံ (၅၀) ကျော်၊ ကျည်မျိုးစုံ (၁၃၀၀) ကျော်၊ မီးကျည် (၂၀) ခန့်၊ ရှေ့ထွက်မိုင်း (၃) ခု၊ ကျည်အိမ် (၂၀) ကျော်နှင့် Jammer (၂) ခု သိမ်းဆည်းရသည်။

ကနီမြို့သိမ်းတိုက်ပွဲ၌ မိမိတို့ဘက်မှ ရဲဘော် (၁၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။ မိမိတို့ဘက်မှ ကနီမြို့အား အောင်မြင်စွာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သော်လည်း ရန်သူ့ဘက်မှ စစ်ကူအင်အား အများအပြားပို့ချခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ်လ (၁၂) ရက်တွင် ကနီမြို့မှ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

အမှတ် (၁) စစ်ဒေသ


Comments

Leave a Reply

Your email address will not be published. Required fields are marked *