ကျောက်ဆစ်ပုံ အမြောက်တပ်ကို ရှော့ကတ်အလုံး၅၀ ပစ်သွင်းတိုက်ခိုက်

ကျောက်ဆစ်ပုံ အမြောက်တပ်ကို ရှော့ကတ်အလုံး၅၀ ပစ်သွင်းတိုက်ခိုက်ခဲ့လို့ တပ်အဆောက်အဦးတွေမီးလောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊အမတ ၅၀၈ ကျောက်ဆစ်ပုံအမြောက်တပ်ကို ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ရှော့ကတ်အလုံး၅၀ပစ်သွင်းတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ပြီး တပ်ထဲက အဆောက်အဦးအချို့မီးလောင်ပျက်စီးသွားတယ်လို့ ရွာခရိုင်ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော်တပ်ရင်း (၄)ပြောခွင့်ရသူကပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၄ရက်နေ့ ၅နာရီခွဲအချိန်က တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ပေါင်းကာ ရော့ကတ်အလုံး၅၀နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ပြောပါတယ်။

“ထိခိုက်မှုများမယ်ဗျ၊ ဘာလို့ဆို ကျနော်တို့ပစ်လို့ တပ်ထဲမှာမီး၂နာရီကြာလောင်နေတာဆိုတော့ သေချာပေါက်ထိခိုက်မှုရှိမယ်”လို့ ပြောခွင့်ရသူကပြောပါတယ်။

အထိနာသွားတဲ့ စစ်အုပ်စုက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရှိနိုင်တဲ့နေရာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေထိခိုက်မှုမရှိဘူးလို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ မုံရွာခရိုင်တပ်ရင်း (၄) မှ ဦးစီးပြီး မုံရွာခရိုင်တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa the Boys) ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၂) Monywa Commando Force ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၃) Monywa Nightking PDF ၊ မုံရွာခရိုင်တပ်ရင်း (၄) တပ်ခွဲ (၄) 5/Teachers Defence Force PDF ၊ မုံရွာခရိုင်တပ်ရင်း (၃) ၊ မုံရွာခရိုင်တပ်ရင်း (၂၇) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

မုံရွာမြို့နယ်နှင့် ဆားတောင်မြို့ပေါ်ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ရော့ကတ် ဒရုန်းများဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျောက်စစ်ပုံ အမြောက်တပ်အတွင်းသို့ ရော့ကတ် လက်နက်ကြီး အလုံး ၅၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းကျရောက်ပေါက်ကွဲပြီး မီးလောင်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၄ တပ်ရင်း – Chindwin Attack Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

မတ်လ ၁၄ ရက် ညနေ ၅ နာရီ မိနစ် ၃၀ အချန်ခန့်က မုံရွာမြို့နယ်၊ ကျောက်စစ်ပုံ၌ အထိုင်ချထား သော အမတ ၅၀၈ တပ်အား ရော့ကတ် အလုံး ၅၀ ကျော် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်ထဲသို့ကျ ရောက်‌ ပေါက်ကွဲပြီး မီးလောင်ခဲ့ကာ အကြမ်းဖက် စစ်ကောင် စီ တပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း ကျောက်စစ်ပုံအမြောက်တပ်မှ လက်နက်ကြီးဖြင့် ၂ ကြိမ် ပြန်လည် ပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၄ မှ ဦးစီးပြီး မုံရွာခရိုင်တပ်ရင်း ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa the Boys) ၊ မုံရွာခရိုင်တပ်ရင်း ၄ တပ်ခွဲ ၂ Monywa Commando Force ၊ မုံရွာခရိုင် တပ်ရင်း ၄ တပ်ခွဲ ၃ Monywa Nightking PDF ၊ မုံရွာခရိုင်တပ်ရင်း ၄ တပ်ခွဲ ၄ 5/Teachers Defence Force PDF ၊ မုံရွာခရိုင်တပ်ရင်း ၃ ၊ မုံရွာခရိုင်တပ်ရင်း ၂၇ နှင့် ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း YOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ညနေ ၂ နာရီခန့်တွင် ဆားတောင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် စခန်းကို YOUNG WOLF Local PDF အဖွဲ့က Fixwings Dorne ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးသေဆုံးမှုတော့ မသိရေသေးဘူး။ ၂ ကောင် ပြင်းထန် ဒဏ်ရာရတယ်လို့တော့ သိရတယ်” ဟုYOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top