နွားထိုးကြီးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

နွားထိုးကြီးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ နနွမ်းတော်ဘိုးကျေးရွာနှင့် ကန်စွယ်ကျေးရွာကြားတွင် အကြမ်း ဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်နည်းသေဆုံး ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၄ နွားထိုးကြီး PDF တပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၁၄ ရက်နေ့က နွားထိုးကြီးမြို့နယ်၊ နနွင်းတော်ဘိုးရွာနှင့် ကန်စွယ်ကျေးရွာအကြားသို့ အင် အား ၆၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်တ်တိုက်ပွဲ ၁ နာရီခွဲ ခန့်ကြာမြင့် ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး ထက်မနည်းသေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းနှင့် အတူ မြင်းခြံခရိုင် (ပ က ဖ) ၊ နွားထိုးကြီးမြိုနယ် (ပ က ဖ) ၊ မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်းနှင့် ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းသည် မတ်လ ၁၃ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ မကျီးစု ကျေးရွာ၊ သင်ပြွန်းကျေးရွာ၊ ဆိတ်ကုန်းကျေးရွာ၊ ပျိုးကန်ကျေးရွာ၊ ကန်စွယ်ကျေးရွာ စသည့် ကျေး ရွာများ အတွင်းသို့ ဝင်ရောက်ပြီး ပြည်သူများကို သတ်ဖြတ်ကာ ပြည်သူပိုင်ပစ္စည်းများကို မတရား လုယက် ယူဆောင်သွားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်သားများဖြစ်ကြောင်း သိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top