အခုကြတော့….ပီဒက်တွေအမြန်လာကြပါတဲ့လား….😎..

😏😏 အခုကြမှ “PDF တွေ အမြန်လာပါ” တဲ့လားး

“CCTVတွေ ဖြုတ်ပေးကြပါ” လို့ တောင်းပန်တော့ မသိကျိုးကျွံ ပြုခဲ့တယ်။

“ဝပ်ကျင်း အခက်အခဲရှိလို့ နေရာပေးကြပါ” ဆိုတော့ “လူငယ်တွေမို့ အိမ်မငှါးနိုင်ဘူး” တဲ့။

“ဒလန် ရှင်းမယ်၊ ဒေါင်တိုင် ဖြိုမယ်” ဆိုတော့ “ငါတို့ရပ်ကွက်ရဲ့ အုပ်ကြီးက သဘောကောင်းတယ်” ပြောပြီး ဧည့်စာရင်းတောင် ကျေကျေနပ်နပ် ပြေးတိုင်လိုက်ကြသေးး။

“UGတွေကို ဝန်ရံပေးပါ၊ PDF တွေကို ထောက်ပံ့ပေးပါ”လို့ တောင်းဆိုတော့၊ မဝန်းရံတဲ့အပြင် ကူတောင် ဖမ်းပေးလိုက်ကြသေးတယ်၊ အချို့ဆို ဖမ်းပေးရုံနဲ့တောင် အားမရလို့ သေတဲ့အထိ ဝိုင်းရိုက်ခဲ့ကြပါတယ်။

UG လေးတွေ စိတ်မကောင်းစွာနဲ့ မြို့ပြကို ကျောခိုင်းသွားကြရရှာပါတယ်။

ဟော မအလရဲ့ စစ်မူထမ်းဥပဒေခေတ် ရောက်တော့ သူတို့ သဘောကောင်းတယ်ပြောတဲ့ အုပ်ကြီးက “စစ်မူထမ်းဆင့်ခေါ်ရေး ဥက္ကဌ” ဖြစ်လာပါတယ်။ ရပ်ကွက်ထဲက လူငယ်တွေရှိတဲ့ အိမ်တိုင်းကို ဆင့်ခေါ်စာတွေ ဝေငှ ထားပြီးပြီ၊ ရပ်ကွက်ရုံးမှာ လက်မှတ်လာထိုးဖို့ အကြောင်းကြား ထားလိုက်ပါပြီ။

အခုကြမှ “PDF တွေရယ်၊ ဒီမအေ-ိုး အုပ်ကြီးကို လာ -တ်ပေးကြပေးပါ”တဲ့။

မြို့ပြက Gen Lee ကြီးတွေခမြာ၊ သူတို့ရဲ့သားသမီးတွေ၊ မြေးမြစ်လေးတွေကို တိုက်ရိုက်ထိတော့မှ

သူတို့ကိုယ်တိုင် PDFတွေကို တောင့်တ လာကြပြီမဟုတ်ပါလားး။

ထွီ !

ချစ်ကိုကြီး
၁၇.၃.၂၄

Leave a Comment