စခန်း ၃၀ ကျော် ခဝေး ၃၀၀ ကျော်

KIA ၏ ၁၁ ရက်အကြာ စစ်ဆင်ရေး ကာလအတွင်း စခန်း ၃၀ ကျော် သိမ်းဆည်းရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် အရှင်ဖမ်းဆီးရရှိထား

ကချင်ပြည်နယ်တွင် KIA ဦးဆောင်သော မဟာမိတ်တော်လှန်ရေးတပ်များက မတ်လ ၇ ရက်နေ့စတင်ပြီး စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေရာ ယနေ့ မတ်လ ၁၈ ရက်နေ့အထိ စခန်းပေါင်း ၃၀ ကျော် သိမ်းဆည်းရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်ကို အရှင်ဖမ်းဆီးရရှိထားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

“မနေ့က စခန်း ၇-ခု သိမ်းပိုက်ရရှိပါတယ်။ ဒီမနက်မှာလည်း စစ်တပ်စခန်း စခန်း ၂ ခု ထပ်မံ သိမ်းပိုက်ရရှိပါတယ်။ မနေ့နဲ့ ဒီနေ့မှာ အားလုံး စခန်း ၉ခု သိမ်းပိုက်ရရှိထားပါတယ်။ မတ်လ ၇ ရက်နေ့က စတင်တဲ့ စစ်ဆင်ရေး ၁၁ ရက်အကြာကာလာအတွင်းမှာ စခန်းပေါင်း ၃၀ ကျော်ပါပြီ။ စစ်ကောင်စီတပ်ဖွဲ့ဝင် ဖမ်းဆီးရရှိတဲ့ အရေအတွက်ကည်း ၃၀၀ ကျော်သွားပြီ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီတပ်စခန်းများကို KIA က သိမ်းပိုက်ရရှိမှုအနေဖြင့်

၁-ဆွမ်ပရာဘွမ်ရဲစခန်း၊
၂-မလိယာန် တပ်စခန်း (ခလရ-၄၆)
၃-ဆွမ်ပီယာန် တပ်စခန်း
၄- ဘွမ်ဆေ(င်)
၅-ဆန်ဂန်
၆- ခလုန်ကရုန်
၇- မန်ဒါ
၈-ဘွမ်ကပေါ်
၉-တာပိန်မြစ်တံတား တပ်စခန်း
၁၀- နမ့်ဖတ်ခ တပ်စခန်း
၁၁- ဒါဆိုင်း (ခလရ- ၂၃၇)
၁၂-မြို့သစ်တံတားစခန်း
၁၃-အင်တပ်ဘွမ် တပ်စခန်း
၁၄-ခယာဘွမ် တပ်စခန်း
၁၅-မလိတပ်စခန်း
၁၆-အင်လုံခ တပ်စခန်း
၁၇-ဟန်းကိုင်တပ်စခန်း (ခလရ-၁၄၂) လက်နက်ချ
၁၈-နောင်ရာဇင်ခန် တပ်စခန်း
၁၉-လီဆူပါဂျောင်
၂၀-ဘွမ်ရယ်ဘွမ်တပ်စခန်း (တပ်မ-၈၈)
၂၁-လုံရော့ခ်တပ်စခန်း
၂၂- ဒေါ့ဖုန်းယန် အခြေစိုက် (ခလရ-၁၄၂)လက်နက်ချ
၂၃-ဖွန်းပျန်ဘွမ်တပ်စခန်း
၂၄- တန် ၃၀၀၀ တပ်စခန်း
၂၅- ကသိုဏ်းတောင် တပ်စခန်း
၂၆- တာမခန်တပ်စခန်း (ခမရ-၁၁၉)
၂၇- တာမခန်ရဲစခန်း
၂၈-Gat Daw Hkyet
၂၉- U Hkring Bum တို့ ကို သိမ်းပိုက်ရရှိထားပြီး ကာကင်းစခန်းတချို့ပါ ပေါင်းလျှင် စခန်း ၃၀ ကျော်သိမ်းပိုက်ရရှိထားကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *