စစ်တိုက်စရာ မလိုဘဲ ကျန်ရစ်မည့် မိသားစုကို လျော်ကြေး(သို့မဟုတ်) နစ်နာကြေး ၃၆ သိန်းပေး မည်ဟုဆို

စစ်မှုထမ်းမည့် လူငယ်များ စစ်တိုက်စရာ မလိုဘဲ ကျန်ရစ်မည့် မိသားစုကို လျော်ကြေး(သို့မဟုတ်) နစ်နာကြေး ၃၆ သိန်းပေး မည်ဟုဆို

ဧရာ၀တီတိုင်းတွင် စစ်တပ်က လူငယ်များ စစ်မှုထမ်းကြရန် ရပ်ကွက်/ကျေးရွာအုပ် ချုပ် ရေးမှူးများမှ တဆင့် ဟောပြော စည်းရုံး

ဧရာ၀တီတိုင်းအတွင်းတွင် စစ်တပ်က လူငယ်များ စစ်မှုထမ်းကြရန် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဟောပြော စည်းရုံးခိုင်းပြီး စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်များ၏ မိသားစုကို လူငယ်တစ်ဦးအတွက် လျော်ကြေး(သို့မဟုတ်) နစ်နာကြေး ၃၆ သိန်းပေး မည်ဟု ပြောဆို စည်းရုံးနေကြောင်း သိရှိရသည်။

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့နယ်၊ ကျူတောကျေးရွာအုပ်စု၊ ချောင်းကွဲကြီးကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်တပ်က ခိုင်းစေသည့်အတိုင်း ပြည်သူများကို စစ်မှုထမ်းကြရန် ယခုရက်ပိုင်းအတွင်း စည်းရုံးဟောပြောခဲ့ကြောင်း၊ စစ်သင်တန်း ၂ လတက်ပြီးသည့်နောက် မိမိတာဝန်ကျသည့် တပ်က ရှေ့တန်းထွက်လျှင် တပ်လုံခြုံရေး အဖြစ် လိုက်ပါရမည်ဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးကပင် စစ်တပ်ထဲဝင်ပါက စစ်သားတစ်ဦးလျှင် လစာ ၄ သိန်း ၇ သောင်း ရရှိမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းမည့် လူငယ်၏ မိသားစုသည် လျော်ကြေး(သို့မဟုတ်) နစ်နာကြေး ၃၆ သိန်း တစ်လုံးတစ်ခဲတည်း ရရှိမည်ဖြစ်ကြောင်း၊ စစ်တိုက်ရမည်မဟုတ်ကြောင်း စည်းရုံးပြောဆိုသွားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *