တောထဲ မလာပါနဲ့

(၁)အိမ်မှာလို အေးအေးလူလူ နေချင်ရင် တောထဲမလာပါနဲ့။

(၂)လနကိုင် ဓာတ်ပုံရိုက်ချင်ရုံနဲ့ တောထဲမလာပါနဲ့။

(၃)ချစ်တဲ့သူတွေနဲ့ဝေးမှာ ကြောက်ရင် တောထဲမလာပါနဲ့။

(၄)တလရ ကိုအချိန်အကန့်အသတ်နဲ့ပဲလုပ်မယ် ဆိုရင် တောထဲမလာပါနဲ့။

(မင်းတို့ပဲ အနာဂတ်ရှိတာ မဟုတ်ဘူး)

(၅)ေ သမှာကြောက်ရင် တောထဲမလာပါနဲ့။

(၆)မဲဆောက်သွားချင်ရင် နံနံခြားပြေးချင်ရင်တိုက်ရိုက်သွားပါ၊ တောထဲမလာပါနဲ့။

(ရိက္ခာကုန်လို့ပါ)

(၇)အရက်သောက်ချင်ရုံ၊ ဝိသောက်ချင်ရုံနဲ့ တောထဲမလာပါနဲ့။

(မြို့ထဲမှာလဲ အစုံရပါတယ်၊ နေရာမသိရင် ကလပ်တွေသွားပါ စုံပါတယ်၊ တောထဲတော့မလာနဲ့)

(၈)မိန်းမ/ယောင်္ကျား ယူဖို့နဲ့ တောထဲမလာနဲ့။

(၉)သေနတ်ပ-စ်တာကလွဲလို့ ကျန်တဲ့ဝေယျာဝစ္စတွေမလုပ်ချင်ရင် တောထဲမလာပါနဲ့။

(ကိုယ့်အိမ်မှာပဲ COD, PUBGထိုင်ဆော့ပါ)

(၁၀) တလရအပေါ်စိတ်ဓာတ်ခံယူချက်မရှိပဲ တောထဲမလာပါနဲ့

ဒီအချက်တွေနဲ့ ငြိနေရင် တောထဲ လုံးဝမလာပါနဲ့။

အသက်တွေ ဘဝတွေ ပေးဆပ်သွားတဲ့ရဲဘော်တွေကိုအားနာပါ။

တကယ်တော်လှန်စိတ်နဲ့ ခံယူချက်အပြည့်ရှိရင်လာခဲ့ပါ အမြဲကြိုဆိုပါတယ်။

မူရင်းပို့စ်တင်သူအား လေးစားစွာဖြင့် Credit ပေးပါသည်။

Leave a Comment