ထန်းရည်ယူရန် ထန်းပင်တက်ချိန် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

မြိုင်တွင် ဝက်ပုတ်ကျေးရွာပျူစောထီးခေါင်းဆောင် ရဲနှင့်စစ်တပ်အတွက် ထန်းရည်ယူရန် ထန်းပင်တက်ချိန် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ထန်းပင်ပေါ်တက်နေသော ဝက်ပုတ်ကျေးရွာ ပျူစောထီးခေါင်းဆောင် ကို တော်လှန်ရေးရဲဘော်များက ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်ပြီး ထန်းပင်ပေါ်မှ ပြုတ်ကျကာ သေဆုံးသွားကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်က မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာ ပျူစောထီးခေါင်းဆောင် ဝင်းငွေသည် စစ်သား၊ ရဲ၊ ပျူစောထီးများ သောက်သုံးရန် ထန်းပင်ပေါ်တက်နေစဉ် အနီးကပ်ချောင်း မြောင်းပစ်ခတ်ခဲ့ရာ နောက်ကျောထိမှန်၍ ပြုတ်ကျပြီး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ၊ ပခုက္ကူခရိုင် PDF ရင်း ၂ ၊ ဘာမထီပြောက်ကြားတပ်ဖွဲ့၊ မဟာ မိတ်တပ်ပေါင်းစု ၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ MUGDF တပ်ဖွဲ့၊ James Bond တပ်ဖွဲ့နှင့် Union Brothers တပ်ခွဲ ၁ တို့ ပူးပေါင်း၍ စနစ်တကျ ကာကင်းယူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- မြိုင်ပကဖမှ တော်လှန်ရေး ရဲဘော်တစ်ဦး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *