“ငါတို့ စောင်နီ ငါတို့ပြန်ပေး”

“ငါတို့ စောင်နီ ငါတို့ပြန်ပေး”

PSO – အဘ ကချင်ဂွင်မှာ ကျနော်တို့ နိုင်နေပြီ အဘ.. KIA တွေ မြန်မာ့တပ်မတော်ကို ကြောက်နေကြပြီ..

အဘ – ဟ ဟုတ်လို့လားကွာ.. င့တို့တပ်တွေ လွှတ်လိုက်တိုင်း တပ်လုံးပြုတ် သေနေတာ.. တပ်ရင်းတွေ ဆိုရင်လဲ ပြုတ်ပြုတ်ပြုန်း သေနေတာလေကွာ..

PSO – ဟုတ်တယ် အဘ.. အာ့ဒါကြောင့်ကို KIA တွေ ကျနော်တို့ကို ကြောက်နေပြီ အဘ..

အဘ – ဘယ်လို ဘယ်လို..

PSO – ဒီလိုပါ အဘ.. KIA ရဲဘော်တွေဆီကနေ သတင်းတစ်ခု ပြန်ကြားရတယ် အဘ..

အဘ – အေး ပြောစမ်းပါဦး..

PSO – ကျနော်တို့ အသိမ်းခံလိုက်ရတဲ့ တောင်ကုန်းတွေမှာ သေသွားတဲ့ အဘသားတွေက မကျွတ်မလွတ် ဖြစ်ပြီး KIA တွေကို ခြောက်နေတာ ညညဆို စောင်တွေကို လိုက်ဆွဲနေလို့ KIA တွေ ကြောက်နေကြပြီတဲ့ အဘ..

အဘ – ငင့်.. လဖွတ်.. 🤧

(KIA ရှေ့တန်း သတင်းရင်းမြစ်က ရလာတဲ့ အဖြစ်မှန်ပါ)

ကဲ.. တပ်တွင်းက ပရီမတွေရေ.. နင်တို့လင်တွေ သေသေ မသေသေ ရှေ့တန်းထွက်တော့မယ် ဆိုတာနဲ့ ကြိုပြီး ရေစက်ချ အမျှဝေပေးလိုက်ကြပါဟ..

အ..ဟစ်..ဟစ်..🤣

“Burden Effect ကို ခံစားနေပြီ ဖြစ်တဲ့ စစ်ရှုံးကောင်စီ အဝန်းအဝိုင်း”

ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်
ဗျိုင်းနားလို့ ကိုင်းရတယ်

ဗျိုင်း ဘာကြောင့် နားရတယ်
ငါးပေါ်လို့ နားရတယ်

ငါး ဘာကြောင့် ပေါ်ရတယ်
ကျွဲလူးလို့ ပေါ်ရတယ်

ကျွဲ ဘာကြောင့် လူးရတယ်
ဖြုတ်ကိုက်လို့ လူးရတယ်

ဖြုတ် ဘာကြောင့် ကိုက်ရတယ်
မိုးရွာလို့ ကိုက်ရတယ်

မိုး ဘာကြောင့် ရွာရတယ်
ဖားအော်လို့ ရွာရတယ်..။

အခုလဲ..

စစ်ကောင်စီက လူပါးဝတော့
KIA က စစ်ကြေညာပြီး တိုက်ရော

KIA က ဝင်တိုက်တော့
ဆွမ်ပရာဘွမ် ရဲတပ်ဖွဲ့က လက်နက်ချရော

ဆွမ်ပရာဘွမ် ရဲတပ်ဖွဲ့ လက်နက်ချတော့
ရဲအုပ်နေလင်းဟိန်းက တစ်ယောက်ထဲ ကျန်ခဲ့ရော

ဒီကောင် တစ်ယောက်ထဲ ကျန်ခဲ့တော့
လေယာဉ်ပစ်ကူ ခေါ်ရော

လေယာဉ်ခေါ်လို့ မသွားနိုင်ခဲ့တော့
ရဲအုပ်ကောင် သေရော

ရဲအုပ်ကောင် သေတော့
ပြည်ထဲရေးက စောက်ဖက် မလုပ်ပဲနေရော

ပြည်ထဲရေးက စောက်ဖက် မလုပ်တော့
ကျော်စိုးဦးက အော်ပါလေရော..

ကျော်စိုးဦးက အော်တော့..
စစ်ရှုံးကောင်စီက ရှုံးမဲမဲရော..။

ကြေကွဲရပါတယ်.. 🥺


Comments

Leave a Reply

Your email address will not be published. Required fields are marked *