တိုးလာပြန်ပြီ သုံးဆယ်တောင်တဲ့နော် ကဲ..မထူးပါဘူး..ရှိနေသူအကုန်ဆိုပြီးရော😛🌿☘

ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ဂေါက်ရိုက်ပွဲကို ပြင်းအားမြင့် မိုင်းဖြင့် ဖောက် ခွဲတိုက်ခိုက်မှု ဒုဗိုလ်မှူးကြီးအပါအဝင် စစ်အရာရှိ ၇ ဦး စုစုပေါင်း ၂၀ ဦးသေဆုံးဟု ရန်ကုန်ပကဖ ပြောဆို

ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း စစ်အရာရှိကြီးများ၏ ဂေါက်ရိုက်ပွဲကို ပြင်းအားမြင့် မိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီးအပါအဝင် စစ်အရာရှိ ၇ ဦး စုစုပေါင်း ၂၀ ဦးသေဆုံးကြောင်း ရန်ကုန်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ ​နေ့လယ်​ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း၊ စစ်​ကောင်စီအရာရှိကြီးများ ​ဂေါက်သီး ရိုက်ကစား​နေသည့် ​​​ဂေါက်ကွင်း​နေရာသို့ ရန်ကုန်ပကဖ (အထူးတပ်ဖွဲ့)က ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ​​အောင် မြင်စွာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း ၊ ကစထ ၅ မှူး ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ အပါအဝင် စစ်အရာရှိကြီးများ တက်ရောက်မည်ဟု သတင်းရရှိသဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် ဒုတိယဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၃ ဦး၊ တပ်ကြပ်ကြီး ၄ ဦး၊ ရဲ​ဘော် ၇ ဦးနှင့် စည်ပင် ၂ ဦးစုစုပေါင်း ၂၀ ဦး ​​သေဆုံးကြောင်း သိရှိရသည်။

ထို့ပြင် ဗိုလ်မှူးကြီး ၂ ဦး၊ ဒုဗိုလ်မှူးကြီး ၁ ဦး၊ ဗိုလ်မှူး ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ​ပေါက်ကွဲမှု​ကြောင့် ဆက်သွယ်​ရေးအ​ဆောက်အဦတစ်ခုမီး​လောင်ပျက်စီးကြောင်း၊ နား​နေ​ဆောင် ကင်းတဲထဲတွင် ချန်ရစ်ထားခဲ့သည့် လက်နက်နှင့်ကျည်များပါ ​မိုင်းပေါက်ကွဲမှု​ကြောင့် မီးလောင်သွားကြောင်း၊ ဂျန်န​ရေတာတစ်လုံးလည်းမီး​လောင်ပြီး ရန်ကုန်တိုင်းခန်းမ​ဆောင်အမိုးပျက်စီးကြောင်း သိရှိရသည်။

“ဒီသတင်းကို အထူးလျှို့ဝှက်ခိုင်းထား​တဲ့အပြင် ဂျန်န​ရေတာအပူလွန်ကဲပြီး​ပေါက်တာဟု တပ်တွင်းသတင်းလွှင့်ထား​ပါတယ်။ မိုင်းပေါက်ကွဲသံကြားရတာကိုလည်း ပြည်သူတွေဘက်က အတည်ပြုထားနိုင်ပါတယ်” ဟု ရန်ကုန်တိုင်းပကဖမှ တာဝန်ရှိသူက ရှင်းပြသည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း မိုင်းပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့သည်ကို စစ်တပ်သတင်းရင်းမြစ်တစ်ခုမှ တစ်ဆင့် ရန်ကုန်ခေတ်သစ်က အတည်ပြုနိုင်ခဲ့ပြီး သေဆုံးထိခိုက်ပျက်စီးမှုများနှင့်ပတ်သက်၍ စစ်တပ်သတင်းရင်းမြစ်ထံမှ အတည်ပြုချက် မရရှိသေးပေ။

❗ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုက်ခိုက်ခံရမှု အသေစာရင်း❗

စစ်ရှုံးကောင်စီရဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် အတွင်းရှိ ဂေါက်ကွင်းနဲ့ စခန်းရုံး နေရာ ၂ ခုကို မတ်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန် ပကဖ (အထူးတပ်ဖွဲ့) ရဲဘော်တွေက အဝေးထိန်း အပြင်းစားမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ရှုံးကောင်စီဘက်မှ ထိခိုက် သေဆုံးသူများမှာ-

• စရန (G1) ဘယ်ပုခုံး ရှပ်ထိ (မစိုးရိမ်ရ)
• စစ်ဆင်ရေး (G3) (သေဆုံး)
• တပ်နယ်ရုံးမှ ဗိုလ်မှူး ၃ ဦး (သေဆုံး)
• ဌာနတာ၀န်ခံ ဗိုလ်ကြီး ၃ ဦး (သေဆုံး)
• တကက/စရ ၃ ဦးနဲ့ စစ်သည် ၇ ဦး (သေဆုံး)
• စခန်းရုံး လုံခြုံရေး တကက ၁ ဦးနဲ့ စစ်သည် ၈ ဦး (သေဆုံး)
• လုံခြုံရေးတာ၀န်ခံ (သေဆုံး)
• စည်ပင် ဒုလက်ထောက်နဲ့ အကြီးတန်းစာရေး (သေဆုံး)

စုစုပေါင်း ၃၀ နီးပါး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

ဓာတ်ပုံ- ရန်ကုန်ရှိ ဌာနဆိုင်ရာရုံးတစ်ခုကို လုံခြုံရေးစောင့်နေသော အကြမ်းဖက် စစ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Lynn Bo Bo


Comments

Leave a Reply

Your email address will not be published. Required fields are marked *