မင်းလှက စစ်တပ်သတင်း‌ပေးဆိုသူ သေနတ်နဲ့ ၁၂ ချက် ပစ်ခံရပြီးသေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ပေါ်က စစ်တပ်သတင်းပေးဆိုသူ အမျိုးသားသေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မင်းလှမြို့၊ စက်ကြီးတန်းလမ်းမှာနေတဲ့ ကိုမျိုးမြင့်အောင် (ခ) အောင်အောင်ကို ဒီနေ့လယ် ၂ နာရီခွဲဝန်းကျင်လောက်မှာ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၃ နဲ့ မင်းလှ ပကဖ က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

သေနတ်နဲ့ ၁၂ ချက်ပစ်ခတ်ခံရပြီး ကိုမျိုးမြင့်အောင်ဟာ သူရဲ့နေအိမ်မှာပဲ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

သူဟာ ဒေသတွင်း တော်လှန်ရေးအဖွဲ့ တွေနဲ့ပက်သက်တဲ့သတင်းတွေကို စစ်တပ်ဆီသတင်းဖမ်းဆီးခိုင်းတာတွေလုပ်သလို လက်နက်ကိုင်ဆောင်ထားသူလည်း ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်

“ (မျိုးမြင့်‌အောင်က) စစ်ကောင်စီသတင်းပေးအစစ်။ သေနတ်လည်း ကိုင်ထားပြီး စစ်တပ်ထဲမှာလည်းနေတယ်။ သူ့ကြောင့် မြို့က အမျိုးသား၊ အမျိုးသမီးတွေ တဒါဇင်ကျော် ဖမ်းဆီးခံထားရတာ တကယ့် ဒလန်အစစ်ကြီး။”လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၉ ရက် မွန်းလွဲပိုင်းကတော့ မင်းလှမြို့နယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုမြင့်ဟန်ကို ရန်ကုန် – ပြည် ကားလမ်းပေါ်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။

ပုံစာ – သေနတ်နဲ့ ပစ်ခံရတဲ့ မျိုးမြင့်အောင်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *