ဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် စစ်သား ၂၀ ကျော်သေဆုံး

ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို နှင့်ဗိုလ်မှူးစောထွေး၊ ခလရ ၂၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးဖြိုးသူအောင် အပါအဝင် စစ်သား ၂၀ ကျော်ကို အသေဖမ်းဆီးရရှိ

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကိုနှင့် ဗိုလ်မှူးစောထွေး၊ ခလရ ၂၀၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးသူအောင် အပါအဝင် ထွက်ပြေးသည့် စစ်သား ၂၀ ကျော်ကို အသေဖမ်းဆီးရရှိကြောင်း AA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၄ ရက်နေ့တွင် ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့၊ ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူးအပါဝင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သည် လက်နက်ချ အညံ့မခံဘဲထွက်ပြေးသောကြောင့် ရက္ခိုင့်တပ်တော်AA က လိုက်လံတိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။

လက်နက်ချ အညံ့မခံဘဲ ထွက်ပြေးနေသော စစ်တပ်စစ်ကြောင်းက လက် နက်ကြီးပစ်ကူတောင်းရာ စစ်ကောင်စီ၏ စစ်တွေ ဒကစ နှင့် ရေတပ်က လက် နက်ကြီးများဖြင့် ပစ်ကူပေးကြောင်း၊ အဆိုပါ လက်နက်ကြီး ကျည်များသည် လယ်ကွင်းအတွင်းတွင် ကျရောက်ပေါက်ကွဲ မီးလောင်ခဲ့ပြီး ရေပေါက်ချောင်း နှင့် တန်းစွယ်ရွာအကြားတွင် ခမရ ၅၅၀ တပ်ရင်းမှ ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို (နပခဗျူဟာ-၃၊ DSA-42) နှင့် ဗိုလ်မှူးစောထွး၊ ခလရ ၂၀၈ တပ် ရင်း၊ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ဖြိုးသူအောင် တို့အပါအဝင် သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်ကို အသေဖမ်းဆီး ရရှိခဲ့ကြောင်း၊ အချို့ကို အရှင် လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

မတ်လ ၄ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ရှိ “ခမရ ၅၅၀ ” ကို AA က အပြီးသတ်သိမ်း ပိုက်နိုင်ခဲ့ကာ ပုဏ္ဏားကျွန်းမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်နိုင်ပြီဖြစ် ကြောင်း ကြေညာခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *