ဗန်းမော်-မန္တလေး လမ်းပိုင်း၊ ဟန်ထက်ရွာရှိ စစ်တပ် စခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်
စစ်သားများ တပ်ပျက်၍ စခန်းစွန့်ခွာ ထွက်ပြေး
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဗန်းမော်-မန္တလေး လမ်းပိုင်း ဟန်ထက်ရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း KIA ၏ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၅ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မံစီမြို့နယ်၊ ဗန်းမော်-မန္တလေး လမ်းပိုင်းရှိ ဟန်ထက်ရွာ အခြေစိုက် အကြမ်းဖက် စစ်တပ်ကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း KIA ၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်သားများ တပ်ပျက်၍ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။
“၅ ရက်နေ့ နံနက် ၇ နာရီမှာ မံစီမြို့နယ် ဗန်းမော်-မန္တလေး လမ်းပိုင်းက ဟန်ထက်ရွာ အခြေစိုက် စစ်ခွေးစခန်းကို KIA က သိမ်းပိုက်ရရှိခဲ့တယ်။ အဲစခန်းက စစ်ခွေတွေကတော့ စခန်းစွန့်ပြီး ထွက်ပြေးသွားတယ်” ဟု KIA ၏ စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိချိန်တွင် KIA သည် အကြမ်းဖက် စစ်တပ်၏ စစ်စခန်း စုစုပေါင်း ၆၃ ခုကျော်ကို သိမ်းပိုက်ရရှိထားပြီး လွယ်ဂျယ်မြို့ကိုလည်း အလုံးစုံ ထိန်းချုပ်ထားကာ အကြမ်းဖက် စစ်တပ်၏ စစ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
Leave a Reply