ဝက်သိုးက အငုံ့စိတ် ကြီးတယ်။
အာဏာရှင်ဟောင်း နေဝင်း သေတော့ သူ့မိသားစုကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ငရွှေကြီးက ဆွဲစိခဲ့ဖူးတယ်။
အဲ့အချိန်က ခင်ညွန့်ရဲ့ စစ်ထောက်လှန်းရေးကလဲ တန်ခိုးထွားနေချိန် ငရွှေကြီးကလဲ လက်စောင်းထက်နေချိန်မို့ နေဝင်း မိသားစုခင်မျာ သန်းရွှေ လုပ်သမျှ ခေါင်းငုံ့ပြီး ခံကြရရှာတယ်။
လက်နက်ရှိ အသိုင်းအဝိုင်းနဲ့ အာဏာမဲ့ မိသားစု ထိပ်တိုက်တွေ့တော့ ဝက်သိုးတို့တွေ ဖျင်ဆိမ့်နေအောင် ခံခဲ့ကြရတာပေါ့။ ဒါက အတိတ်က ဇာတ်လမ်း။
ခွေးပု အာဏာသိမ်းတော့ ဝက်သိုးက ပါးလျက်နားလျက် ပြေးလုပ်ရရှာတယ်။ မလုပ်လို့လဲ မရဘူး။ ရှေ့မှာ တစ်ခါ ခံခဲ့ရပြီးသွားပြီ။
နောက်တစ်ချက်က စစ်တပ်နဲ့ ပလူးပလဲ လုပ်ပြပြီး အတွင်းသတင်းတွေကို ဝက်သိုးက ရအောင်နှိုက်တယ်။ ဒီကောင့်ရဲ့ အဓိက ပစ်မှတ်က သူတို့ မိသားစုကို အမှုန့်ချေခဲ့တဲ့ ငရွှေကြီးတို့ကို ဦးတည်တာပဲ။
အခုတော့ ဝက်သိုးက ဝက်သံပေးလာပြီ။
ဒီကောင် ငရွှေကြီးတို့ မိသားစုကို လူသိရှင်ကြား ပေါ်တင် ဒဲ့ဖြဲနေပြီ ဆိုတော့ ကြည့်ရတာ ခွေးပုက ငရွှေကြီးကိုပါ ခေါက်ထားလိုက်ပြီး ထင်ရာစိုင်းနေပြီလို့ သုံးသပ်ရတယ်။
ဒါ့ကြောင့်လဲ ဝက်သိုး ဒီစကားကို ပြောရဲတာ။
၃ နှစ်ကျော်ကြာ အာဏာ လက်ထဲ ကိုင်ထားခဲ့ပြီး စစ်တပ်တစ်ခုလုံးကို လိုရာသုံး ခိုင်းစေနိုင်နေပြီ ဆိုမှတော့ သူ့ကို နေရာပေးခဲ့တဲ့ ကျေးဇူးရှင် ငရွှေကြီးကို ခွေးပုက အာခံရဲသွားပြီလို့ ယူဆရတယ်။
စစ်ခေါင်းဆောင်တွေ အကြားက အကွဲအပြဲက အတော်ကြီးကို ကြီးမားနေပုံရတယ်။
တော်လှန်ရေး တပ်ဖွဲ့တွေ အနေနဲ့ကတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပါပဲ..။