သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းနှင့် ခမရ ၃၅၇ တပ်ရင်းကို သိမ်းပိုက်မှု (ရုပ်သံ)

သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းနှင့် ခမရ ၃၅၇ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် ၁၂၀ မမ အပါအဝင် လက်နက်ခဲယမ်းအများအပြား ကားများဖြင့် အခေါက် ခေါက်အခါခါ သယ်ယူနေရ ၊ စစ်ကားအများအပြားလည်း ရရှိ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အစပ် သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တို့ကို ယနေ့ မွန်းလွဲပိုင်းတွင် KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများမှာ ကားများဖြင့်အခေါက်ခေါက် အခါခါ သယ်ယူနေရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ သင်္ကန်းညီနောင် စစ်ဗျူဟာကုန်းနှင့် ခမရ ၃၅၇ စခန်းများကို သိမ်းပိုက်ခဲ့သည့် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ဦးဝန်းကျင်သေဆုံးကာ စစ်သုံ့ပန်း အများအပြား ဖမ်းဆီးရရှိကြောင်း၊ လက်နက်ခဲယမ်းများမှာလည်း ၁၂၀ မမ အမြောက်များအပါအဝင် လက်နက်ခဲယမ်းများကို ကားများဖြင့် အခေါက်ခေါက် အခါခါ သယ်ယူနေရကြောင်း၊ စစ်ကားများလည်း အများအပြား ရရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

” လက်နက်ကြီးလက်နက်ငယ်တွေလည်း သိမ်းဆည်းရရှိတာများတယ်၊ ကားတွေနဲ့ အခေါက်ခေါက် အခါခါ သယ်ယူနေရတယ်။ စစ်သုံ့ပန်းအများအပြားရတယ်။ စစ်ကားတွေလည်းရတယ်။ နယ်မြေရှင်းလင်းရေး ဆက်လုပ်နေပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မြ၀တီမြို့နယ်၊ ခလရ ၂၇၅ ကိုလည်း KNLA ဦးဆောင်သော တော် လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက် ပိတ်ဆို့ထားပြီး ယင်းအထဲတွင် စစ်ကောင်စီတပ်သားအများအပြား ရှိနေကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီကလည်း စစ်ကူစစ်ကြောင်း ၄ ခုထက်မနည်း စေ လွှတ်ပြီး မြ၀တီ၊ သင်္ဃန်းညီနောင်နှင့် ကော့ကရိတ်နယ်မြေများတွင် အသာစီး ပြန်လည်ရရှိရေး ကြိုးပမ်းနေကြောင်း၊ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများကို စစ်တပ်က တောက်လျှောက် လုပ်ဆောင်နေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *