အလွတ်ပြန်သွားခဲ့ရတဲ့ မြန်မာလေယာဉ်

လက်နက်ချစစ်ကောင်စီတပ်စစ်သည်များ ပြန်သယ်ရန် ထိုင်းနိုင်ငံမဲဆောက်လေဆိပ်သို့ရောက်ရှိလာခဲ့သော အထူးလေယာဉ်သည် လေဆိပ်တွင် တနာရီကျော်ကြာစောင့်ဆိုင်းနေခဲ့ပြီးနောက် လူမပါဘဲ ပြန်လည်ထွက်ခွာသွားခဲ့ရသည်။

အဆိုပါလေယာဉ်သည် လက်နက်ချစစ်သည်များနှင့် မိသားစုများထဲမှ ပထမဆုံးအသုတ်အဖြစ် ရာထူးကြီးပုဂ္ဂိုလ်များနှင့် မိသားစု ၂၀ ကိုသယ်ဆောင်ရန် စီစဉ်ထားခဲ့သော်လည်း ရောက်မလာခဲ့ဘဲလေယာဉ်ပြန်လည်ထွက်ခွါသွားခဲ့သည်ဟု Thai PBS သတင်းတပုဒ်အရ သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့၏ ထိုးစစ်တိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဘက်မှ အရာရှိအဆင့် ၆၇ ဦး၊ အခြားအဆင့်စစ်သည် ၄၁၀ ဦးနှင့်၊ အမျိုးသမီး စစ်သည် ၅၆ ဦးနှင့် မိသားစုဝင် ၈၁ ဦးတို့ဖြင့် စုစုပေါင်း ၆၁၇ ဦး လက်နက်ချအညံ့ခံခဲ့ကြသည်။

အဆိုပါ လက်နက်ချသူများကို မြန်မာစစ်ကောင်စီက ထိုင်းအစိုးရကိုအကူညီတောင်းကာ လေကြောင်းဖြင့် မြန်မာနိုင်ငံသို့ပြန်ခေါ်ရန် စီစဉ်နေခဲ့ကြခြင်းဖြစ်သည်။

သင်္ဃန်းညီနောင်တွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNU က လွှတ်ပေးခြင်းမရှိသဖြင့် ရန်ကုန်-မဲဆောက် ပျံသန်း လူလာခေါ်သော စစ်ကောင်စီလေယာဉ်တွင် လူမပါဘဲ လှည့်ပြန်ရဟု ထိုင်းမီဒီယာများ ဖော်ပြ

■ ဧပြီလ ၈ ရက်နေ့နှင့် ၉ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည် ခေါ်ယူရေး အစီအစဉ် ဖျက်သိမ်းရ ဖွယ်ရှိဟုဆို

ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်တွင် လက်နက်ချ အညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNU က ပြန် လည် လွှတ်ပေးခြင်းမရှိသဖြင့် ရန်ကုန်-မဲဆောက် ပျံသန်းခဲ့သော စစ်ကောင်စီလေယာဉ်များတွင် လူအလွတ်များဖြင့် သာ လှည့်ပျံသန်းသွားရဟု ထိုင်းမီဒီယာများက ယနေ့ နံနက်ပိုင်းတွင် သတင်းဖော်ပြကြသည်။

ယမန်နေ့ ညပိုင်း စစ်ကောင်စီစေလွှတ်လိုက်သော ATR 72-600 လေယာဉ်သည် မဲဆောက်သို့ ရောက်ရှိလာခဲ့ပြီး ၁ နာရီအထိ KNU ဘက်က ပြန်လွှတ်ပေးမည့် စစ်သုံ့ပန်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စောင့်ဆိုင်းခဲ့ကြောင်း ၊ သို့ရာတွင် မည်သူမှ လာရောက်ခြင်းမရှိသဖြင့် MNA မြန်မာအမျိုးသားလေကြောင်းလိုင်း ATR 72-600 လေယာဉ်သည် လူမပါဘဲ ရန်ကုန်သို့ ပြန်လည် ပျံသန်းသွားကြောင်း Mae Sot Media က သတင်းဖော်ပြသည်။

ထိုင်း ThaiPBS North သတင်းဌာနကလည်း ယမန်နေ့ညပိုင်း ATR 72-600 လေယာဉ်ဖြင့် မည်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုမှ ခေါ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ထို့ကြောင့် ဧပြီလ ၈ ရက်နေ့နှင့် ဧပြီလ ၉ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ရေး အရေးပေါ် လေကြောင်းခရီးစဉ်များကို ဖျက်သိမ်းရဖွယ်ရှိနေကြောင်း ယနေ့ နံနက်ပိုင်းတွင် သတင်းဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီက ဧပြီလ ၇ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ရန်ကုန်မှ မဲဆောက်မြို့သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA ATR 72-600 ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ယူရန် အကြမ်းဖက် စစ်ကောင်စီက ထိုင်းအစိုးရထံ ပန်ကြားခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင် စစ်တပ်ဗျူဟာစခန်းကြီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်မိသားစုဝင် ၆၁၇ ဦးသည် KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များထံတွင် ယခုရက်ပိုင်းအတွင်း လက်နက်ချ အညံ့ခံခဲ့ကြခြင်းဖြစ်သည်။

ဓာတ်ပုံ- ယမန်နေ့ညပိုင်း မြန်မာစစ်တပ်၏ MNA လေယာဉ် ဆိုက်ရောက်စဉ် မဲဆောက်လေဆိပ်တွင် လူသူမရှိဘဲ တိတ်ဆိတ်နေစဉ်။

ထိုင်းနိုင်ငံ မဲဆောက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာသော မြန်မာ့လေကြောင်းပိုင် ATR-72-600 အမျိုးအစားလေယာဉ်ကို ထိုင်းစံတော်ချိန် ယနေ့ (ဧပြီ ၇ ရက်နေ့) ည ၉ နာရီခွဲက တွေ့ရစဉ်။ (ဓာတ်ပုံ- Thai PBS)


Comments

Leave a Reply

Your email address will not be published. Required fields are marked *