သတိရှိပါ မြို့မြဝတီ

သတိရှိပါ မြို့မြဝတီ……

ဒုဘိုရူပ်စိုးဝင်း က မော်လမြိုင်မှာထိုင်နေတယ်

၈/၉/၁၀ရက် ထိုင်း မြန်မာ ညှိနိူင်းမှုနဲ့ မြဝတီ ရှိ ဝန်ထမ်းနဲ့ လက်နက်ချ အားလုံး ခေါ်ပြီး မြို့ကိုမစားရအမဲသဲနဲ့ပက်
မီးလောင်တိုက်သွင်းမယ့် သတင်းတွေထွက်နေတယ်။

မအလတပ်က အရာရှိ ၆၇ ဦး၊ အမျိုးသမီးရဲမေ ၅၆ ဦး၊ ရဲဘော်နှင့်အခြားအဆင့် ၄၁၀ ဦး၊ သူတို့ရဲ့မိသားစုဝင် ၈၁ ဦး၊ ပေါင်း ၆၁၇ ဦးအတွက် မဲဆောက်ကနေတဆင့် မြန်မာပြည်ပြန်ခေါ်ဖို့ရာ…

ဧပြီလ ၇ ရက်မှ ၉ ရက်နေ့အထိခွင့်ပြုပေးဖို့ မအလစစ်အုပ်စုက ထိုင်းစစ်တပ်က‌နေတဆင့် နိုင်ငံခြားရေးကို အကူအညီတောင်းခံခဲ့ပါတယ် (ဝန်ကြီးချုပ်စေထာက ခွင့်ပြုခဲ့ပါတယ်)။

ပထမဆုံး အသုတ်အနေနဲ့ မဲဆောက်လေဆိပ်ကနေ မြန်မာပြည်ပြန်သွားတဲ့လေယာဉ်ပေါ်မှာ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးအဆင့် ၂၀ ဦးနှင့်…၊ သူတို့ရဲ့မိသားစုဝင် ၂၀ ဦး၊ ပေါင်း ၄၀ ဦး လိုက်ပါသွားပါတယ်။

သင်္ဃန်းညီနောင် ဗျူဟာမှ စစ်သုံ့ပန်း ၆၀၀ ကျော်အား
စစ်ကောင်စီထံ KNUလွှဲပေးခြင်းမရှိ

လွှဲပေးသည့် အစဉ်အလာ မရှိသကဲ့သို့ လွှဲပေးပါက ရန်သူကို စစ်အင်အားစုဆောင်းပေးသလို ဖြစ်မည်ဟု သတင်းရင်းမြစ်ပြော

ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ သင်္ဃန်းညီနောင်စစ်ကောင်စီဗျူဟာမှ လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီတပ်သားများ၊ မိသားစုဝင်များ စုစုပေါင်း ၆၀၀ ကျော်ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးခြင်းမရှိဘဲ ကရင်အမျိုးသားအစည်းအရုံး(KNU)က ကောင်းမွန်စွာ ထားရှိကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

ဧပြီ ၅ရက် သင်္ဃန်းညီနောင် ဗျူဟာ သိမ်းပိုက်မှု တွင် စစ်ကောင်စီတပ်မှ ဗျူဟာမှူး အပါအဝင် အရာရှိ ၆၇ ဦး၊ အခြားအဆင့်နှင့် တပ်သား ၄၁၀ဦး၊ ရဲမေနှင့် တပ်မိသားစုဝင် ၁၄၀ဦး စုစုပေါင်း ၆၁၇ ဦး လက်နက်ချအလင်းဝင်ခဲ့သည်။

“သူတို့ကျတော့ အဲဒီလို ပဲထားထားတပေါ့။မလွှဲပါဘူး။ ကျနော်တို့ဆီမှာ ကူညီစောင့်ရှောက်ပြီးတော့ အစားအသောက်နေထိုင်စားသောက်ရေးပေါ့” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

တပ်အင်အား ပြုန်းတီးနေသည့် စစ်ကောင်စီထံ ဖမ်းမိ စစ်
သုံ့ပန်းများအား လွှဲပေးမည်ဆိုပါက ရန်သူက အင်အား တည်ဆောက်ပြီး အခြား လှုပ်ရှားမှုများ ဆက်လုပ်နိုင်သည့် အခြေအနေရှိကြောင်း ၎င်းက ပြောသည်။

“စစ်သုံ့ပန်းတွေက မဖြစ်မနေ သေရမယ့်အစား အညံ့ခံတာ။
အခုက မဖြစ်မနေ သူများ ဝိုင်းပိတ်ထားတဲ့အချိန် လက်
နက်ချတဲ့သဘော။ ကျနော်ထင်တာကတော့ ပြန်လွှဲပေးဖို့ မရှိဘူး။ လွှဲတဲ့ အစဉ်အလာလည်း မရှိဘူး” ဟု ကရင်သတင်းရင်းမြစ်က ပြောပြသည်။

အခြားစစ်​ရေးရင်းမြစ်တစ်ဦးက ဖမ်းဆီးရရှိထား​သောစစ်သုံ့ပန်းများထဲမှ စစ်ရာဇဝတ်မှုကျူးလွန်ထားသူများပါ၊မပါ ၊ပါဝင်ပါက အ​ရေးယူနိုင်ရန် စတင်စီစစ်နေပြီဖြစ်​ကြောင်းလည်းပြောသည်။

ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း သင်္ဃန်းညီနောင်၌ ဖမ်းမိသည့် စစ်ကောင်စီတပ်သားများအား လွှတ်ပေးမည်ဆိုပါက အကြမ်းဖက်အားပေးမှု မြောက်မည်ဖြစ်၍ သက်ဆိုင်ရာ တရားစီရင်မှု ပြီးမြောက်ပြီး နောက်ပိုင်းမှသာ လွှတ်ပေးသင့်ကြောင်း ၎င်း၏ အမြင်ကို လူမှုကွန်ရက်တွင် ရေးသားထားသည်။

လက်ရှိတွင်မြ၀တီ၌ ကျန်နေသည့် ခမရ(၂၇၅) ကို KNU ပူးပေါင်းတပ်က ဝိုင်းပတ်ပိတ်ဆို့ထားရာ အဆိုပါတပ်ရင်း လက်နက်ချ အလင်းဝင်ရေး ညှိနှိုင်းလျက်ရှိသည်ဟုစုံစမ်းသိရသည်။

“၂၇၅ ကို တိုက်တော့ မတိုက်သေးဘူး။ အခုက ဗျူဟာကုန်းရနေပြီ။ အခုကတော့ မြို့နဲ့ နီးတယ်ဆိုတော့ ဆက်တိုက်မယ်ဆိုရင် လူထုလည်းထိမယ်။ဆက်တိုက်ရင် သူတို့ လေယာဉ်နဲ့ လာချမယ်ဆိုတော့လေ” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

ယမန်နေ့ညတွင် စစ်ကောင်စီ ဝန်ထမ်းနှင့် တပ်အပါအဝင် လူဦးရေ ၄၀ကျော်၊ ၅၀ ခန့်ကို စစ်ကောင်စီက လေယာဉ်ဖြင့် ပြန်ခေါ်သွားသည်ဟု သတင်းရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

သို့​သော် ​လေယာဥ်ကွင်းပြင်ဘက်မှသတင်းရယူ​သောထိုင်းသတင်းဌာနများက စစ်​ကောင်စီ​လေယာဥ်​ပေါ်ဖြင့် လူ ၂၀.ဦးဝန်းကျင်သာပါသွားပြီး ​ငွေများကိုသယ်​ဆောင်သွား​ကြောင်း သတင်း​ဖော်ပြထားကြသည်။

မြဝတီမြို့အ​ခြေအ​နေမှာ ဧပြီ ၇ ရက်အထိပုံမှန်အတိုင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

(သင်္ဃန်းညီနောင် ဗျူဟာ မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရရှိ​သောစစ်သုံ့ပန်းများ။ဓါတ်ပုံ-KNU)


Comments

Leave a Reply

Your email address will not be published. Required fields are marked *