Federal Wings ရဲ့ ကိုယ်ပိုင်ဒီဇိုင်းအသစ်နဲ့ ဒရုန်းများ အောင်မြင်စွာနဲ့ စတင်တိုက်ပွဲဝင်နေ…

Federal Wings ရဲ့ ကိုယ်ပိုင်ဒီဇိုင်းအသစ်နဲ့ ဒရုန်းများ အောင်မြင်စွာနဲ့ စတင်တိုက်ပွဲဝင်နေ…

တိုက်ပွဲအတွေ့အကြုံများ၊ မြေပြင်လိုအပ်ချက်များနဲ့ ပြုလွယ်ပြင်လွယ်မှုများကို ပေါင်းစပ်ပြီး လိုအပ်ချက်နဲ့ အကိုက်ညီဆုံးဖြစ်မယ့်အနေအထားကို ကိုယ်တိုင်ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ ဒရုန်းများ အောင်မြင်စွာနဲ့ တိုက်ပွဲဝင်နေကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

Federal Wings ဒရုန်းအဖွဲ့ရဲ့ R&D အဖွဲ့များ ဒီဇိုင်းဆွဲထုတ်လုပ်ထားတဲ့ ကိုယ်ပိုင်ဒီဇိုင်းသစ်နဲ့ ဒရုန်းများဟာ တည်ဆောက်မှုပုံစံ ရိုးရှင်းပြီး တပ်ဆင်ရမြန်ဆန်လွယ်ကူတဲ့အပြင် ပါဝင်တဲ့အစိတ်အပိုင်းများ နည်းပါးသွားတာကြောင့် အရင်ကိုယ်ထည်များထက် ၂၅% ခန့် ပိုမိုပေါ့ပါးတယ်လို့ သိရပါတယ်။

လမ်းပန်းခက်ခဲတဲ့ဒေသတွေမှာ ကျောပိုးပြီးသယ်ဆောင်သွားလို့ရအောင် ဒီဇိုင်းထုတ်ထားပြီး အရင်ကတော့ Federal Wings အနေနဲ့ စိုက်ပျိုးရေးသုံးဒရုန်းကိုယ်ထည်များကို မှာယူပြီး တိုက်ပွဲမှာအသုံးပြုဖို့ ထပ်ပိုးပြင်ဆင်ခဲ့ကြတာဖြစ်တာကြောင့် မလိုအပ်တဲ့ထပ်တိုးအလေးချိန် များပြားခဲ့ရပြီး ဒရုန်းတစ်စင်းဆီက ရသင့်တဲ့စွမ်းရည်ကို အပြည့်အဝအသုံးမချနိုင် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံများထဲက ပထမဆုံး ၄ ပုံဟာ FW ရဲ့ ကိုယ်ပိုင်ဒီဇိုင်းအသစ်နဲ့ ဒရုန်းများဖြစ်ပြီး နောက်ထပ် ၄ ပုံကတော့ FW ရဲ့ ပထမမျိုးဆက်ဒရုန်းများဖြစ်ကာ နောက်ဆုံး ၃ ပုံကတော့ ဒုတိယမျိုးဆက်ဒရုန်းများဖြစ်တယ်လို့ Federal Wings က ဖော်ပြထားပါတယ်။

Leave a Comment