ပြင်ဦးလွင် DSA အနီး ကျောက်တောင်ဘုရားဝန်းကျင်ကိုလက်နက်ကြီးကျ

ဒီကနေ့ မနက်အစောပိုင်းက ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် DSA အနီးကို ရှော့တိုက်ဒုံးနဲ့ ပစ်ခံရလို့ လက်နက်ကြီးကျခဲ့တာ‌တွေရှိတယ်လို့ ပြင်ဦးလွင်မြို့ စစ်ဘက်ရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီတပ်တွေက မြို့ဝင်၊ မြို့ထွက်နေရာတွေကိုတင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ ဆိုပြီး ‌ကျောင်းနဲ့ကပ်လျက်က ကျောက်တော်ဘုရားအနီးတဝိုက်ကိုကျခဲ့တာလို့ပြောပါတယ်။

” လက်နက်ကြီးကျတာကဟုတ်ပါတယ်။ အတည်ပြုနိုင်ပါတယ်။ ကျောက်‌တောင်ဘုရားနဲ့ DSA ကျောင်းနဲ့ က ကပ်နေတာပါ။ မြို့ထဲမှာတော့ပုံမှန်ပါပဲ။ မြို့ပြင်နေရာတွေကို တော်တော်စစ်ဆေးနေပါတယ်” လို့ ‌သတင်းရင်းမြစ်ကပြောပါတယ်။

ကနဦးသတင်းအရ ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခံရတာလို့ ပြောဆိုမှုရှိပြီး အသေးစိတ်အခြေအနေကိုတော့မသိရသေးကြောင်း သတင်းရင်းမြစ်ကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း နေပြည်တော်လေဆိပ်နဲ့ စစ်ရုံးအနီးကို တော်လှန်ရေးအင်အားစုတွေဘက်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။ စစ်ကောင်စီဘက်ကတော့ ပြင်ဦးလွင်ဖြစ်စဥ်နဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

BBC Burmese


Comments

Leave a Reply

Your email address will not be published. Required fields are marked *