ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့သော စစ်ကောင်စီ၏ ရဟတ်ယာဉ်ပျက်ကို ဗိုလ်ဒါဘော ကြည့်ရှုစစ်ဆေး (ရုပ်/သံ)

သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့သော စစ်ကောင်စီ၏ ရဟတ်ယာဉ်ပျက်ကို ဗိုလ်ဒါဘော ကြည့်ရှုစစ်ဆေး (ရုပ်/သံ)

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ် အစပ် သင်္ဃန်းညီနောင်တွင် ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့သော စစ်ကောင်စီ၏ ရဟတ်ယာဉ်ပျက်ကို ကော်ဘရာစစ်ကြောင်းမှ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက တွေ့ရှိ စစ်ဆေးကြောင်း သိရှိရသည်။

ဇန်နဝါရီ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် ကရင်ပြည်နယ်၊ မြ၀တီမြို့အနီး သင်္ဃန်းညီနောင်တွင် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့ပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပါအဝင် ၅ ဦးခန့်သေဆုံးခဲ့ခြင်းဖြစ်သည်။

သင်္ဃန်းညီနောင် ခမရ ၃၅၅ သို့ လာသည့် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့ရာတွင် ရဟတ်ယာဉ်ပေါ်ပါ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ်အေးမင်းနောင် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးခန့် သေဆုံးခဲ့ကြောင်း၊ သင်္ဃန်းညီနောင်ရှိ ခမရ ၃၅၅ (ခြေမြန်တပ်ရင်း) သို့ လာရောက်စစ်ဆေးသော အဆိုပါ စစ်ကောင်စီ ရဟတ်ယာဉ် ၂ စင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ်(၃)၊ KNLA/PDF ပူးပေါင်းစစ်ကြောင်းဖြစ်သည့် ကော်ဘရာစစ်ကြောင်းက Missile ၊ ပွိုင့်ဖိုက်၊ စနိုက်ပါ အစရှိသည့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ရဟတ်ယာဉ်တစီး၏ လေယာဉ်မှူးကို ထိမှန်သည့်အတွက် ရဟတ်ယာဉ်ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရဟတ်ယာဉ်သည် Eurocopter အမျိုးအစား ရဟတ်ယာဉ်တစီးဖြစ်ပြီး ယခု သင်္ဃန်းညီနောင်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ကော်ဘရာစစ်ကြောင်း အပါအဝင် တော်လှန်ရေးတပ်များက သိမ်းပိုက်ခဲ့ပြီးနောက်မှ ရဟတ်ယာဉ်ပျက်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်းက ပစ်ချခဲ့သည့် Eurocopter 365 စစ်ရဟတ် ယာဉ်မှာ ဒေါ်လာ ၉ သန်းနီးပါး တန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *