အစည်းအဝေးလုပ်နေသည့် ဒု-စစ်ခေါင်းဆောင်အား ဒရုန်းအဖွဲ့တိုက်ခိုက်

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ် – ရတခ တိုင်းရုံးအတွင်း အစည်းအဝေးလုပ်နေ သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ဗိုလ်ချုပ် ၄ ဦး အပါအဝင် တပ်သား ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိထားသည်ဟု Alpha Bats Drone Force အဖွဲ့က ထုတ်ပြန်ထား သည်။

ယမန်နေ့ ဧပြီလ ၉ ရက် နေ့လယ်ပိုင်းတွင် Alpha Bats ဒရုန်းအဖွဲ့က ကာမီကာဇေဒရုန်း ၅ စီးဖြင့် အရှေ့တောင် တိုင်းစစ်ဌာနချုပ်ဝန်းအတွင်းရှိ အားကစားခန်းမနှင့် ရဟတ်ယာဉ်များအား ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုသည် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ အစည်းအဝေးလုပ်နေစဉ်တွင် တိုက်ခိုက်ခဲ့ခြင်းပြီး ဒုတိယအကြိမ်မြောက်တိုက်ခိုက်ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

ဒုတိယအကြိမ်မြောက် ကာမီကာဇေဒရုန်းများဖြင့်တိုက်ခိုက်မှုအတွင်း ဒဏ်ရာရစာရင်းတွင် စစ်ဦးစီး ပထမတန်းနှင့်အထက် စစ်ဗိုလ်ချုပ် ၄ ဦး အပါအဝင် အရာရှိ၊ အရာခံနှင့် တပ်သား ၃၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ရဟတ်ယာဉ် ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၈ ရက် ညနေ ၅ နာရီခန့်တွင်လည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် – ရတခ တိုင်းရုံးအတွင်း စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းနှင့်အဖွဲ့ စစ်ဆင်ရေးကွပ်ကဲမှုအစည်းအဝေးလုပ်နေစဉ် ရှာထူးဝေါ်နည်းပညာ တပ်ဖွဲ့ ၏ Alpha bats တပ်ခွဲက မြေပြင်လုံခြုံရေးတပ်များနှင့် ပူးပေါင်းကာ Fixed Wing Drone ဖြင့် ပထမအကြိမ်တိုက်ခိုက်ခဲ့သည်။

ဗီဒီယို – Alpha Bats Drone Force

ရုပ်သံ- အရှေ့တောင်တိုင်းစစ်ဌာနချုပ်အားတိုက်ခိုက်ခဲ့သည့် ရုပ်သံ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *