ဦးဝင်းထိန် အပူချိန်မြင့်တက်ပြီး Heat exhaustion ဖြစ်လို့ မန္တလေးဆေးရုံကိုပို့ဆောင်ကုသပေးထားရ

ရာသီဥတုအပူချိန်မြင့်တက်လာပြီး ကျန်းမာရေးမကောင်းဖြစ်လာတာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် ကို ဧပြီ ၉ ရက် မနေ့ ညနေပိုင်းက မန္တလေးဆေးရုံကြီးကို ပို့ဆောင်ကုသပေးထားရတယ်လို့ နီးစပ်သူတချို့ကပြောပါတယ်။

မန္တလေးအိုးဘိုထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဦးဝင်းထိန်ကို မန္တလေးဆေးရုံကြီးကို ပို့ဆောင်ထားတာဖြစ်ပြီး ဒီကနေ့မှာတော့ အနည်းငယ်ပြန်လည်သက်သာလာတယ်လို့ ဆိုပါတယ်။

” ရာသီဥတု ကအပူချိန်အရမ်းများတော့ လူကြီးဆိုတော့ အပူရှပ်( Heat exhaustion) ဖြစ်တာပါ။ အခုတော့ ဆေးရုံမှာသက်သာပါတယ်” လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရတဲ့ အသက် ၈၃ နှစ်အရွယ် ဦးဝင်းထိန်ဟာ လက်ရှိမှာ မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းခံထားရတာဖြစ်ပြီး စစ်ကောင်စီကသူ့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုပြီး အမြင့်ဆုံးထောင်ဒဏ် အနှစ် ၂၀ ချမှတ်ထားတာဖြစ်ပါတယ်။

သူ့ကို နေပြည်တော်အချုပ်ထောင်ကနေ မန္တလေး အိုးဘိုထောင်ကို ပြောင်းရွှေ့ထားတာလည်းဖြစ်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top