ခလရ ၂၇၅ တပ်က အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ စွန့်ခွာ

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်က အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ စွန့်ခွာသွားသည့်သတင်းများကြောင့် ထိုင်းစစ်တပ်က ယနေ့ နံနက်ပိုင်း လုံခြုံ ရေးများ ယခင်ထက် ပိုမိုတိုးမြှင့်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်သည် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်သို့ ထွက်ပြေးစွန့်ခွာသွားသည်ဆိုသော သတင်းများကြောင့် ထိုင်းစစ်တပ်က အမှတ် ၂ တံတားဘက်တွင် လုံခြုံရေးများ အထူးတိုးမြှင့်ထားကြောင်း ထိုင်းသတင်းမီဒီယာများက သတင်းဖော်ပြသည်။

“ခလရ ၂၇၅ က အမှတ် ၂ ချစ်ကြည်ရေးတံတားဘက်ကို စွန့်ခွာသွားတယ်။ ဒီဘက်ကည်း လမ်းဖွင့်ပေးတာမျိုး လုပ်ပေးလိုက်တယ်လို့ သိရတယ်။ အခု မြ၀တီမြို့ထဲမှာ BGF က အဓိက ထိန်းထားတယ်။ ဖြစ်စဉ်က နည်းနည်း ရှုပ်ထွေးနေတယ်။ ခလရ ၂၇၅ ထဲမှာလည်း BGF တချို့ရှိနေတယ်” ဟု တော်လှန်ရေး စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မဲဆောက်အခြေစိုက် သတင်းထောက်ကမူ “ခလရ ၂၇၅ တပ်ဖွဲ့ဝင်တွေ သေနတ်တွေနဲ့ အမှတ် ၂ တံတားမှာ ခိုလှုံခွင့်ရဖို့ ရောက်နေကြပြီ။ အဲဒါ သေနတ်တွေ ပါလာတော့ ထိုင်းဘက်က အခု ခိုလှုံခွင့် ပေး၊ မပေး ညှိနေကြပြီ။ သတင်းထောက်တွေ အကုန်တော့ အမှတ် ၂ တံတားကို ပြေးနေကြပြီ” ဟု ပြောဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်က အမှတ် ၁ ချစ်ကြည်ရေးတံတားနှင့် အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် လုံခြုံရေးများကို ယမန်နေ့ ထက်တိုးမြှင့်လိုက်ကြောင်း၊ မြ၀တီမြို့ရှိ ခလရ ၂၇၅ တပ်ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိကြောင်း ထိုင်းသတင်းမီဒီယာများက ပထမဦးစွာ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတားနှင့် အမှတ် ၂ ချစ်ကြည်ရေးတံတားကိုမူ ပုံမှန်အတိုင်း ဆက်လက် ဖွင့်ထားဆဲဖြစ်သော်လည်း အနာဂတ်တွင် မည်သို့ မည်ပုံဆက်ဖြစ်မည်ကို မသိရှိရသေးပေ။

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ မှ စစ်သားများ ထိုင်း-မြန်မာ အမှတ် ၂ ချစ် ကြည်ရေးတံတားတွင် ရောက်ရှိနေပြီး ထိုင်းထံတွင် ခိုလှုံခွင့်တောင်းနေဟုဆို

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်မှ စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ရောက်ရှိနေကြပြီး ထိုင်းဘက်အခြမ်းတွင် ခိုလှုံခွင့်ရရှိရေး ညှိနှိုင်းနေကြသည်ဆိုသော သတင်းများရရှိထားကြောင်းပြောဆိုသည်။

“ခလရ ၂၇၅ တပ်ဖွဲ့ဝင်တွေ သေနတ်တွေနဲ့ အမှတ် ၂ တံတားမှာ ခိုလှုံခွင့်ရဖို့ ရောက်နေကြပြီလို့ကြားရတယ်။ အဲဒါ သေနတ်တွေ ပါလာတော့ ထိုင်းဘက်က အခု ခိုလှုံခွင့် ပေး၊ မပေး ညှိနေကြပြီလို့ပြောတယ်။ ထိုင်းသတင်းထောက်တွေ အကုန်တော့ အမှတ် ၂ တံတားကို ပြေးနေကြပြီ” ဟုမဲဆောက်အခြေစိုက် သတင်းထောက်က ပြောဆိုသည်။

လက်ရှိတွင် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားတွင် ထိုင်းစစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကားများ ဖြန့်ကျက်ချထားကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *