လွယ်ဂျယ်မှ သိမ်းဆည်းရရှိသော ငွေကျပ် သိန်းပေါင်း ၅၃ သောင်းကို KIA က ဘဏ္ဍာအဖြစ် သိမ်းဆည်း

လွယ်ဂျယ်မှ သိမ်းဆည်းရရှိသော ငွေကျပ် သိန်းပေါင်း ၅၃ သောင်းကို KIA က ဘဏ္ဍာအဖြစ် သိမ်းဆည်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တရုတ်-မြန်မာနယ်စပ် ၊ လွယ်ဂျယ်မြို့မှ သိမ်းဆည်းရရှိသော ငွေကျပ် သိန်းပေါင်း ၅၃ သောင်းကျေကိုာ် ဘဏ္ဍာရေးအဖြစ် KIA က သိမ်းဆည်းထားကြောင်း KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က သတင်းထုတ်ပြန်သည်။

KIO ဘဏ္ဍာရေးဌာန၏ စည်းမျဉ်းအမှတ် ၆၄ တွင် တိုက်ပွဲရရှိသော ငွေကြေးနှင့် တန်ဖိုးရှီသော ပစ္စည်းများကို ဘဏ္ဍာရေးဌာန သို့ အပ်နှံရန် ပါရှိကြောင်း၊ထို့ကြောင့် သတ်မှတ်ထားသော သတ်မှတ် စည်းမျဉ်များ အတိုင်း လွယ်ဂျယ်မြို့မှ ရရှိထားသော ကျပ်ငွေ သိန်းပေါင်း ၅,၃၅၈,၂၀၀,၀၀၀ ကို ဘဏ္ဍာရေးဌာနသို့ စာရင်းပေးသွင်း ပေးအပ်ပြီဲစ်ကြာင်း သိရှိရသည်။

ဧပြီလ ၉ ရက်နေ့ ခလရ ၁၄၂ တပ်အတွင်း စစ်ကောင်စီတပ်သားများနှင့် Non- CDM ဝန်ထမ်းများ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားပြီးနောက် KIA က တပ်အတွင်း ဝင်ရောက်၍ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ငွေကျပ် သိန်းပေါင်းများစွာ သိမ်းဆည်းရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။

ဧပြီလ ၉ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့တွင် ကျန်ရှိနေသော ခလရ ၁၄၂ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် Non-CDM ဝန်ထမ်းများအားလုံး တရုတ်ပြည်အတွင်းသို့ ဝင်ရောက် ထွက်ပြေးသွားသဖြင့် စစ်ကောင်စီ ကင်းစင်သော မြို့အဖြစ် KIA က တရားဝင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

မတ်လ ၂၇ ရက်နေ့မှစတင်ပြီး ဗန်းမော်-လွယ်ဂျယ်လမ်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA နှင့် တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကာ ဧပြီလ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ နောက်ဆုံးစခန်းကြီးဖြစ်သော စိန်လုံဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၂ ရက်နေ့တွင် လွယ်ဂျယ်မြို့အတွင်းသို့ KIA က တရားဝင် ဝင်ရောက်သိမ်းပိုက်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *