မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၃ ဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရ

မန္တလေးမြို့တော်ဝန်သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၃ ဦးသေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးထူထပ်စွာ ချထားသည့်ကြားမှ ဗုံးပေါက်ကွဲခဲ့

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်ဝန်ဗဟို မဟာသင်္ကြန်မဏ္ဍပ်အနီးတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲရာ လူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း ရဲသတင်းရင်းမြစ်နှင့်ဒေသပြည်သူများက ပြောဆိုကြသည်။

ယနေ့ ဧပြီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် ချမ်းအေးသာစံမြို့နယ် ၇၁ နှင့် ၂၇ လမ်း မန္တလေးမြို့တော်ဝန်မဟာ သင်္ကြန်မဏ္ဍပ်အနီးရှိ ဆိုင်ကယ်ရပ်နားရာနေရာတွင် ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ၊ ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“မန်းလေးမြို့တော်ဝန် မဏ္ဍပ်မှာ ဗုံး ၂ ခါ ကွဲတယ်။ ဒီမနက် ၁၀ နာရီပတ်ချာလည်လောက်က ဗုံးပေါက်တာ၊ ၅ မိနစ်လောက်ခြားပြီး ဗုံး ၂ လုံး ပေါက်တာ။ ၃ ဦးကတော့ လဲသွားတာ ခေါ်မရတော့ဘူး။ လူနာတင်ကားတွေလာတယ်။ ၁၀ ဦးကျော်လောက် ဒဏ်ရာရတယ်” ဟု ရဲသတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် စစ်ကောင်စီက မန္တလေးမြို့ကို ပိတ်ဆို့၍ စစ်ဆေးမှုများလုပ်ဆောင်နေပြီး အနီးအနားရှိ CCTV များကို လိုက်လံစစ်ဆေးနေကြောင်း သိရှိရသည်။

မန္တလေးမြို့၊ စစ်အုပ်စု မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ပေါက်ကွဲမှုဖြစ်ပြီး (၁၂)ဦး ဒဏ်ရာရ

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ စစ်အုပ်စုရဲ့ မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဒီမနက်ပိုင်း ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ကာ လူ(၁၂)ဦး ထိခိုက်တယ်လို့ သတင်းရရှိပါတယ်။

ဒီနေ့ ဧပြီ(၁၄)ရက် သင်္ကြန်အကျနေ့ မနက်(၁၀)နာရီကျော်မှာ မန္တလေးမြို့၊ စည်ပင်ရုံးဘေး၊ (၇၁)လမ်း၊ (၂၆)လမ်းနဲ့ (၂၇)လမ်းကြားမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့တာလို့ မြို့ခံတွေကပြောပါတယ်။

“မန္တလေး မြို့တော်ဝန် မဏ္ဍပ်အနီး ဗုံးကွဲတာ။ နှစ်ခါတောင် ကြားရတယ်။ မဏ္ဍပ်ရှိတဲ့ ဘက်တော့ မဟုတ်ဘူး။ (၂၇)နဲ့ (၇၁)လို့ ကြားတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့၊ (၇၁)လမ်းနဲ့ (၂၇)လမ်းထောင့်က သင်္ကြန်မဏ္ဍပ် ဆိုင်ကယ်စတန်းအနီး PDF တွေက ဗုံးခွဲလို့ ကလေးငယ် တစ်ဦး အပါအဝင် ပြည်သူ အမျိုးသား ကိုးဦးနဲ့ အမျိုးသမီး သုံးဦး၊ စုစုပေါင်း (၁၂)ဦး ဒဏ်ရာ ရတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး ဘယ်သူက ဘာကြောင့် လုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

စစ်အုပ်စုကတော့ PDF တွေက ဖောက်ခွဲတာလို့ သတင်းဖြန့်နေပါတယ်။

တချိန်တည်းမှာပဲ စစ်အုပ်စုဟာ သင်္ကြန်ကာလ အတွင်းမှာလည်း မန္တလေးမြို့အနှံ့ ပြည်သူကို ဖမ်းဆီးငွေညှစ်တာ၊ စစ်ဆေးတာ၊ လက်နက်ပြ မိုက်ကြေးခွဲတာတွေ လုပ်ဆောင်နေဆဲလို့ မြို့ခံတွေက ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *