အချင်းချင်း ရန်ဖြစ်ရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ ၃ ဦး သေဆုံး

နေပြည်တော်လွှတ်တော်ဂိတ်ပေါက် ၄ တွင် ရဲအချင်းချင်း ရန်ဖြစ်ရာမှ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ ၃ ဦး သေဆုံး

နေပြည်တော်၊ လွှတ်တော်ဂိတ်ပေါက် ၄ တွင် ရဲအချင်းချင်း ရန်ဖြစ်ရာမှ သေ နတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ ၃ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

ဧပြီလ ၁၅ ရက်နေ့ ည ၉ နာရီ ၂၀ မိနစ်အချိန် ဝန်းကျင် နေပြည်တော်ရှိ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ရုံးထိုင်သည့် လွှတ်တော် အမှတ် ၄ ဂိတ်ပေါက်တွင် လုံခြုံရေးတာဝန်ကျနေသော ရဲများအကြား ခိုက်ရန်ဖြစ်ပွားကြောင်း၊ ထို့နောက် ခိုက်ရန်ဖြစ်ပွားသည့် ရဲတပ်သား ပိုင်စိုးဦးက ကင်းမှူး ရဲတပ်ကြပ်ကြီး မျိုးနိုင်ဦး၊ အလှည့်ကျ ကင်းသမား ရဲတို့ကို သေနတ်ဖြင့် ပစ်ခတ်ရာ ရဲတပ်ကြပ်ကြီး မျိုးနိုင်ဦးနှင့် အလှည့်ကျ ကင်းသမားတို့ သေဆုံး ကြောင်း၊ ပစ်ခတ်သူ ရဲတပ်သား ပိုင်စိုးဦးကလည်း သေနတ်ဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် ရဲတပ်သား ပိုင်စိုးဦး၊ ကင်းမှူး ရဲတပ်ကြပ်ကြီး မျိုးနိုင်ဦးနှင့် အလှည့်ကျ ကင်းသမားတို့ သေဆုံးသွားရာ စုစုပေါင်း ရဲ ၃ ဦး သေဆုံးကြောင်း၊ သေဆုံးသူ ရဲတပ်သားများသည် အမှတ် ၁၇ ရဲတပ်ရင်းမှ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော် လွှတ်တော်အမှတ် ၂ ဂိတ်ပေါက်။ (ပုံအဟောင်း ဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *