မြစ်ကြီးနား အကျဉ်းထောင်တွင် ဆန္ဒပြမှုများဖြစ်ပွားပြီး စစ်တပ်က ထောင်အတွင်း ဝင်ရောက်ပစ်ခတ်

မြစ်ကြီးနား အကျဉ်းထောင်တွင် ဆန္ဒပြမှုများဖြစ်ပွားပြီး စစ်တပ်က ထောင်အတွင်း ဝင်ရောက်ပစ်ခတ်

စစ်ကားနှင့်လူနာတင်ကားများ အဝင်အထွက်မြင်တွေ့ရဟုဆို

စစ်တပ်၏ ပစ်ခတ်မှုကြောင့် အကျဉ်းသားများ သေဆုံးထိခိုက်မှုများ ဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားအကျဉ်းထောင်တွင် ဆန္ဒပြမှုများဖြစ်ပွားပြီး စစ်တပ်က ဝင်ရောက်ပစ်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသပြည်သူတချို့နှင့် အကျဉ်းဦးစီးဌာ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယနေ့ ဧပြီ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် မြစ်ကြီးနားအကျဉ်းထောင်အတွင်းမှ အကျဉ်းသားများ၏ စုပေါင်း သပိတ် မှောက်သည့် ဟစ်ကြွေးသည့် အသံများကြားရကြောင်း၊ အသံများမှာ ဝေးကွာလွန်းသည့်အတွက် မည်သည့် အကြောင်းအရာကို အော်ဟစ်ဆန္ဒပြသည်ကို မသိရှိရကြောင်း၊ ယင်းနောက် စစ်ကားများ ဝင်ရောက်သွားပြီးနောက် စစ်တပ်က ပစ်ခတ်သော သေနတ်သံ အချက် အနည်းဆုံး ၂၀ ကျော်ခန့်မှ အချက် ၅၀ ကျော်အထိ ကြားရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

အကျဉ်းဦးစီးဌာန သတင်းရင်းမြစ်ထံသို့ မေးမြန်းရာ မြစ်ကြီးနားထောင်တွင် ဆန္ဒပြမှုများ ဖြစ်ပွားနေသည်ဟု ကြားသိရသော်လည်း အခြေအနေကို အသေးစိတ် အတိအကျ မသိရှိရသေးကြောင်း၊ ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း အတည်ပြုပြောဆိုသည်။

“မြစ်ကြီးနား.အကျဥ်းထောင်မှာ မွန်းလွဲပိုင်းကတည်းက ဆန္ဒပြတဲ့ ဆူညံသံတွေထွက်တယ်။ အဲဒီနောက်မှာ စစ်တပ်က ဝင်သွားပြီးတော့ သေနတ်ဖောက်သံတွေလည်းအချက်၅၀၊ ၁၀၀လောက်ရှိနေတယ်။ စစ်သားများကအမှောင်ထဲ ကင်းစောင့်နေပြီးတော့ လူနာတင်ကားတွေလည်း အဝင်အထွက်ရှိတယ်။ စစ်ကားတွေရော ။ လူနာတင်ကားက ၅ စီးလောက်အဝင်အထွက် လုပ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

မြစ်ကြီးနားအကျဉ်းထောင်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို အသေးစိတ် ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး နောက်ဆုံး ဝင်ရောက်လာသော သတင်းများအရ စစ်တပ်၏ ပစ်ခတ်မှု ကြောင့် အကျဉ်းသားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *