KBC ဥက္ကဋ္ဌ ဟောင်း ဒေါက်တာဆလမ်ဆမ်ဆွန်ကို ညသန်းခေါင်ယံအချိန် စစ်တပ်က ပြန်ဖမ်း

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီး

စစ်ကောင်စီရဲ့လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဧပြီလ ၁၇ ရက် မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က ပြန်လည်ဖမ်းဆီးသွားတယ်လို့ KBC တာဝန်ရှိသူတွေက ပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က မြစ်ကြီးနားအကျဉ်းထောင်ကနေ ဧပြီလ ၁၇ ရက် နေ့လယ် ၁ နာရီခန့်မှာ ပြန်လည်လွတ်မြောက်လာပြီး ည ၁၀ နာရီခန့်မှာ စစ်တပ်က သူ့ရဲ့နေအိမ်ကို လာရောက်ဖမ်းဆီးသွားတာလို့ KBC တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဘာကြောင့်ပြန်ဖမ်းသွားတယ်ဆိုတာကိုလည်း မသိရဘူး။ ဒီညနေလောက်တော့ သိရမလား မသိဘူး။ ဖမ်းတာက မနေ့ည ၁၀ နာရီကျော်လောက်မှာ ဖမ်းသွားတာ”

မနေ့ကညက လာရောက်ဖမ်းဆီးတာမှာ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့အပြင် သူ့ရဲ့ ဇနီးနဲ့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) အဖွဲ့ဝင်တစ်ယောက်ကိုပါ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးထားသူတွေကို မြစ်ကြီးနားအကျဉ်းထောင်ရဲ့ ထောင်ရိပ်သာမှာ ချုပ်နှောင်ထားတယ်လို့ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ – ၁၇(၁)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ – ၅၂ (က) အမှုသုံးမှုအတွက် ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်အား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: KBC)

မြစ်ကြီးနားထောင်မှ ပြန်လွတ်သော KBC ဥက္ကဋ္ဌ ဟောင်း ဒေါက်တာဆလမ်ဆမ်ဆွန်ကို ညသန်းခေါင်ယံအချိန် စစ်တပ်က ပြန်ဖမ်း

အကြမ်းဖက်စစ်ကောင်စီ၏ မြစ်ကြီးနား အကျဉ်းထောင်တွင် ထောင်ဒဏ် ၆ နှစ် မတရား ပြစ်ဒဏ်ချမှတ်ခံထားရသော KBC ဥက္ကဋ္ဌ ဟောင်း ဒေါက်တာဆလမ်ဆမ်ဆွန်သည် ယမန်နေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ယမန်နေ့ည သန်းခေါင်ယံအချိန်တွင် စစ်တပ်က ပြန်လည် ဖမ်းဆီးသွားကြောင်း မိသားစုနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

“ညဘက်ကြီး ပြန်လာခေါ်သွားတယ်။ စစ်ကားတွေအများကြီးနဲ့ကို လာခေါ်သွားတာ။ ဖမ်းတာလားဆိုတော့ ဖမ်းတယ်လို့တော့ မပြောဘူး။ ဆွေးနွေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ အခုဒီမနက်အထိတော့ ပြန်မလွှတ်ပေးသေးဘူးလို့ သိရတယ်” ဟု မိသားစုနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ဒေါက်တာဆလမ်ဆမ်ဆွန်ကို မတရားအသင်း ဥပဒေ ပုဒ်မ၁၇(၁)ဖြင့် ထောင်ဒဏ် ၂ နှစ်၊ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၂(က)ဖြင့် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ၆ နှစ်အထိ ၂၀၂၃ ဧပြီလတွင် ချမှတ်ခဲ့ပြီး မြစ်ကြီးနား အကျဉ်းထောင်တွင် ချုပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာဆလမ်ဆမ်ဆွန်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ထိုင်းနိုင်ငံသို့ သွားရောက်ရန် မန္တလေး လေဆိပ်တွင် လေယာဉ်စောင့်ဆိုင်းနေချိန် စစ်ကောင် စီ တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက် ထောင်သွင်းအကျဉ်းချခံရခြင်းဖြစ်သည်။

ဓာတ်ပုံ- ယမန်နေ့ မြစ်ကြီးနား အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော ဒေါက်တာဆလမ်ဆမ်ဆွန်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *