တပ်ရင်း၃၅၀၁တပ်ခွဲ၃စစ်ရေးသတင်းထုတ်ပြန်ချက်

တပ်ရင်း၃၅၀၁တပ်ခွဲ၃စစ်ရေးသတင်းထုတ်ပြန်ချက်

၄လပိုင်း၁၇ရက် နှစ်ဆန်း၁ရက်နေ့
မနက်၅နာရီ၄၅မီနစ်ခန့်တွင် ဆွာကူတိုးဆိပ်မှတက်လာသော
အင်အား၈၀ခန့်ပါစစ်ကောင်စီစစ်ကြောင်းအား
တောင်ငူခရိုင်တပ်ရင်းအမှတ်၃၅၀၁ ပုဝါနီစစ်ကြောင်း
နှင့်ကီးကူစစ်ကြောင်း နေပြည်တော်တပ်ရင်းအမှတ်၈၀၄နှင့်၃၅၀၁ တပ်ခွဲ၃ တို့မှကူတို့ဆိပ်ကျေးရွှာ
အရှေ့ဘက် တဲစုရွာနှင့်မြောင်းတူးကျေးရွာကြားတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များအထိနာခဲ့သည်။

အထိနာသောစစ်ကောင်စီစစ်ကြောင်းမှDromeဖြင့်ကျဲချခြင်း လက်နက်ကြီးပစ်ကူများဖြင့်
အတင်းတိုးတက်လာခဲ့ကြရာ တော်လှန်ရေးတပ်များမှ
ကျည်မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး
စစ်ကောင်စီမှတိုက်ပွဲဖြစ်ပွားခြင်းမရှိသော
ရွာသစ်ကျေးရွာသို့ ဂျက်Fighter၁စီးဖြင့်
လာရောက်ပစ်ခတ်ဗုံးကျဲမှုကြောင့်
ရွာသစ်ကျေးရွာမှနေအိမ်တစ်လုံးပျက်စီးခဲ့သည်
အဆိုပါတိုက်ပွဲတွင်၃၅၀၁တပ်ခွဲ၃မှရဲဘော်တစ်ဦးနှင့်
ကီးကူစစ်ကြောင်းမှရဲဘော်၁ဦးကျဆုံးခဲ့ပြီး ရဲဘော်အချို့မဆိုးရိမ်ရဒဏ်ရာရရှိခဲ့ကြသည်။

၎င်းတိုက်ပွဲတွင် ၃၅၀၁ပုဝါနီစစ်ကြောင်းမှ
Dromeတပ်ဖွဲ့နှင့် ၃၅၀၁ တပ်ခွဲ၄မှDromeတပ်ဖွဲ့များ
ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့ကြသည်။

တပ်ရင်း၃၅၀၁တပ်ခွဲ၃

တောင်ငူခရိုင်

ရေတာရှည်အခြေစိုက်


Comments

Leave a Reply

Your email address will not be published. Required fields are marked *