ခရီးသည်ကိုသတ်ကာ ပစ္စည်းလုယူသည့် ဆိုင်ကယ်ကယ်ရီသမားကို ၃ရက်အကြာတွင် ဖမ်းမိ

ခရီးသည်ကိုသတ်ကာ ပစ္စည်းလုယူသည့် ဆိုင်ကယ်ကယ်ရီသမားကို ၃ရက်အကြာတွင် ဖမ်းမိ

ဧရာ၀တီတိုင်း၊ လပွတ္တာမြို့ (၃)မိုင်မြို့သစ်တွင် ဧပြီလ ၁၈ရက်နေ့က ခရီးသည်ကိုသတ်ပြီး ပစ္စည်းလုယူခဲ့သည့် ဆိုင်ကယ်ကယ်ရီသမား နှစ်ဦးကို သုံးရက်အကြာတွင် ဖမ်းဆီးမိကြောင်းသိရသည်။

အမတ်ကြီးကျေးရွာနေ ဦးစိုး၀င်းဆိုသူမှာ လွန်ခဲ့သည့် သုံးရက်က (၃)မိုင်မြို့သစ် ဂေါက်ကွင်း အနီးရှိ ခြုံပုတ်အတွင်း ဒဏ်ရာများနှင့် သေဆုံးနေပြီး ဖုန်းနှင့် ရွှေထည်ပစ္စည်းများပျောက်ဆုံးနေသောကြောင့် လူသတ်လုယက်မှုနှင့်အမှုဖွင့်ခဲ့ရကြောင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရှိရသည်။

“သူဌားစီးနေကြ ကယ်ရီသမားကပဲ သတ်သွားတာ လို့ပြောတယ်။ သေတဲ့လူက မြို့သစ်မှာ ရွှေသွားလုပ်တာလားမသိဘူး ပစ္စည်းတွေ ပါလာတာသိလို့ သတ်ပြီးယူသွားတာ ခုတော့မိပြီလို့ကြားတယ်။ ဒါတောင်လူသေလို့ အမှုကိုလိုက်တာ တစ်ခြား ဓါးထောက်လုတာတွေ လုယက်မှုတွေလဲအများကြီးဖြစ်တာ မြို့မှာက လုံခြုံမှုမရှိတော့ဘူး”ဟု ဒေသခံတစ်ဦးမှပြောသည်။

ဧပြီလ ၂၀ ရက်နေ့တွင် လူသတ်၊ လုယက်မှုကျူးလွန်သော လပွတ္တာမြို့နယ်၊ ရှမ်းစုကျေးရွာနေ ဆိုင်ကယ်ကယ်ရိီသမား ကိုမျိုးဆိုသူအားဖမ်းဆီးပြီး လုယက်သောပစ္စည်းများကို သိမ်းဆည်းရောင်းချပေးသူ မသန္တာ တို့ နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး သက်သေ ခံပစ္စည်းများကို သိမ်းဆည်း ခဲ့ကြောင်းသိရသည်။

ဧရာ၀တီတိုင်းရှိမြို့နယ်များတွင် ပြီးခဲ့သည့်မတ်လအတွင်း ခိုးမှု၊ ဓါးပြတိုက်မှု၊ လုယက်မှုများ နေ့စဥ်ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးနိုင်ခြင်းမရှိ​သောအမှု ၃၀ ကျော်ရှိကြောင်းတိုင်း ရဲတပ်ဖွဲ့နီးစပ်သူများထံမှသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *