တော်လှန်ရေးကာလမှာ မွေးနေ့မရှိဘူး အဖိတ် ဥဗုဒ် မရှိဘူး

တော်လှန်ရေးကာလမှာ မွေးနေ့မရှိဘူး အဖိတ် ဥဗုဒ် မရှိဘူး

ဆန်းဒေး လပြည့် မရှိဘူး ရုံးပိတ်ရက်မရှိဘူး နေ့ကြီးရက်မြတ်မရှိဘူး နေပူမရှိဘူး မိုးရွာမရှိဘူး

ဟိုဟာစားချင်လိုက်တာ

ဒီဟာစားချင်လိုက်တာ

ပူလို့ အဲယားကွန်းနဲ့နေချင်လိုက်တာ

ဟိုဟာလေးတော့ သောက်ချင်လိုက်တာ တွေတော့

တမ်းတခွင့်ရှ်ိပါတယ် ရွေးချယ်ခွင့်တော့မရှိဘူး။

ရှိတဲ့ဟာစား

ရတဲ့နေရာနေ

တွေ့ရာသောက်ပဲ။

ဒီလိုနဲ့နေလာတာ ၃နှစ်ကျော်လို့

အောင်ပွဲအလီလီလည်းရခဲ့ပြီ။

ပေးခဲ့ရတဲ့ အသက်နဲ့ ကိုယ်ခန္ဒာအစိတ်ပိုင်းတွေလည်း

မနည်းတော့ဘူး။

ရဲဘော်တွေနဲ့ တသားတည်းနေပေးနေတဲ့

မြေပြင်ကကွန်မင်ဒါတွေကိုလေးစားတယ်။

သူတို့မှာ အကျိုးစီးပွါးနဲ့အသပြာတွေမလိုဘူး၌

တော်လှန်ရေးအောင်ချင်တာပဲရှိတယ်။

နွေဦးတော်လှန်ရေးလောက် အရှိန်ကောင်းတဲ့တော်လှန်ရေး

ဘယ်မှာရှိခဲ့လို့လဲ။

ဒါကိုသိရက်နဲ့ ဘာလို့အမိအရဖမ်းဆုတ်ဖို့ မရဲကြတာလဲ။

လုပ်စမ်းပါရဲဘော်။

တော်လှန်ရေးအောင်ရင်

ငါတို့ရလာမယ့်အနာဂတ်က အတိုင်းအဆမဲ့ပါပဲ။

ဒါကိုတွေးပါ တွေးပြီးရင် ရဲရဲဆုံးဖြတ်ပါ။

မတွေဝေပါနဲ့။

ကိုယ့်လည်းအချိန်မဆွဲနဲ့ ရန်သူကိုလည်းအချိန်မပေးပါနဲ့။

ကိုပေါက်

ငပိန်းတွေကို မရှင်းပြချင်ပေမယ့်

ရီရလွန်းလို့ရှင်းပြရအုံးမယ်။

မွေးနေ့မရှိဘူး

အဖိတ် ဥပုဒ်မရှိဘူး

လပြည့် လကွယ်မရှိဘူး

ဆန်းဒေးမို့ ဘုရားရှိခိုးရမှာ

လပြည့်နေ့ပို့ ကုသိုလ်လုပ်ရမှာတွေမရှိဘူး

ဆိုတာက မလုပ်ဘူးလို့ပြောတာမဟုတ်ဘူး ငပိန်း ငအ ငဒူရဲ့။

ငါတို့မှာ အချိန်တိုင်းဟာ နေ့ရက်တိုင်းဟာ တော်လှန်ရေးပဲ

အားရုံထားနေလို့ တိုက်ပွဲမရှိလို့ မွေးနေ့လုပ်ချင်လုပ်မယ်

တိုက်ပွဲမရှိလို့ ဆန်းဒေးဘုရားကျောင်းတက်ချင်တက်မယ်

တကယ်လို့ များလိုအပ်လာခဲ့ရင် မွေးနေ့မရှိ ပိတ်ရက်မရှိ

ဆန်းဒေးမရှိဘူး တော်လှန်ရေးအတွက်ပဲ လုပ်ကြတာ

လို့ပြောတာ ငဒူရဲ့။

ရှင်းပြီလား ငအ ပညာမတတ်ရဲ့။

ငါလခွီးမောလိုက်တာကွာ မင်းရှင်းပြရတာက အလုပ်တလုတ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *