စိုးဝင်း စစ်ကောင်စီ အစည်းအဝေးများနှင့်ရုံးလုပ်ငန်းများ ပုံမှန် လုပ်ဆောင် လူလုံးထွက်ပြတော့မည်

ဒရုန်းဖြင့် ဗုံးကျဲခံရသည့် ဒဏ်ရာမှ သက်သာလာသည့် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ကောင်စီ အစည်းအဝေးများနှင့်ရုံးလုပ်ငန်းများ ပုံမှန် လုပ်ဆောင် လူလုံးထွက်ပြတော့မည်

မွန်ပြည်နယ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိသွားခဲ့သော ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဒဏ်ရာမှ ပြန်လည်သက်သာသည့်အတွက် စစ်ကောင်စီအစည်းအဝေးများနှင့်ရုံးလုပ်ငန်းများ ပုံမှန် လုပ်ဆောင်ကာ ပြန်လည် လူလုံးပြတော့မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

“လက်နဲ့ ပခုံးမှာ ဒဏ်ရာရတာက သက်သာနေပြီ။ မကြာခင် အစည်းအဝေးတွေနဲ့ ရုံးလုပ်ငန်းတွေ ပုံမှန်လုပ်တော့မယ်။ လူလုံးထွက်ပြတော့မယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဧပြီလ ၃ ရက်နေ့ ဗထူးတပ်နယ်သို့သွားရောက်ခဲ့သည့် ခရီးစဉ်မှစ တင်၍ လူမြင်ကွင်းမှ လုံး၀ ပျောက်ကွယ်သွားခဲ့ကြောင်း၊ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဒရုန်းတိုက်ခိုက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာကို အိန္ဒိယမှ အရိုးအကြောခွဲစိတ်ပါရဂူကို ပင့်ဖိတ်၍ ဆေးဝါးကုသမှု ခံယူခဲ့ရာမှ ဒဏ်ရာ ပြန်လည် သက်သာလာကြောင်း သိရှိရသည်။

ဧပြီလ ၉ရက်နေ့နှင့် ၁၀ရက်နေ့များတွင် မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း ရုံးတက် အစည်း အဝေးလုပ်နေသည့် စစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းကို SHAR HTOO WAW နည်းပညာတပ်ဖွဲ Alpha Bats တပ်ခွဲက ကာမီကာဇေဒရုန်းများဖြင့် ၂ ရက်ဆက်တိုက် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ဧပြီလ ၁၀ရက်နေ့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် အစည်းအဝေး ခန်းမဆောင်ပေါ်သို ဒရုန်းဗုံး ကျရောက် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ခန်းမဆောင် ၏ ခေါင်းမိုးပြိုကျသဖြင့် စိုးဝင်း၏ ပခုံးနှင့်လက်၊ အရိုးအကြော ထိခိုက်မှုများ ရှိခဲ့ကြောင်း၊ ထို့ကြောင့် အိန္ဒိယမှ အရိုးအကြောခွဲစိတ်ပါရဂူကို ပင့်ဖိတ်၍ ပြသ ဆေးဝါးကုသမှု ခံယူခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *